by မင်း
ဘဝဆိုတာ ဖြစ်ခြင်တာတွေဘဲ ဖြစ်နေတာ မဟုတ်တာတော့ လူတိုင်းသိပါတယ်
ဘီလဂိတ်လို့ လူမှာတောင် မပြည့်ဝတာတွေ ရှိနေမှာဘဲလေ
ဒါပေမဲ့ ဘဝတစ်ခုကို ပြည့်စုံအောင် ဖြည့်ဆည်းဘို့ ကျိုးစားရင်း ပိုပိုပြီး ကွက်လပ်တွေ များလာတာကဘဲ
ကံတရားရဲ့ နောက်ပြောင်မှုလား အိပ်ပေါက်နဲ့ ဖါးကောက်ရသလို ဒီရုပ်ဝထ္ထုတွေနောက်လိုက်ရင်းဘဲ ငါ့ရဲ့စိတ်တစ်ခုလုံး ညစ်နွမ်းနေပြီလေ။
လူမျိုးတိုင်းမှာ သူတို့တန်ဘိုးထားတဲ့ ရိုးရာ နှစ်သစ်ကူးဆိုတာတော့ ရှိစမြဲဘဲ။ ဒါဆိုရင် ငါ့မှာရော...။ လူတိုင်းနီးပါးစောင့်စားနေတဲ့ သင်္ကြန်ပွဲတော်ကြီဟာ မကြာခင် ရောက်လာတော့မယ်။ နောက်ထပ် ရက်အနည်းငယ် ဆိုရင်ပေါ့။
ငါနဲ့ လူမျိုးတူ ဘာသာစကားတူတူ သူငယ်ချင်း မိတ်ဆွေ ညီအကိုမောင်နှမတွေအားလုံး မကြာခင် သင်္ကြန်ဆိုတဲ့ နှစ်သစ်ကူးပွဲတော် ကြီးကို ပျော်ရွှင်စွာ ဆင်နွှဲကြတော့မယ်။
ငါရော ...
ငါကတော့ ငါ့နဲ့ လူမျိုးရော ဘာသာစကားပါ မတူတဲ့ လူတွေကြား ဘဝ အမောတွေနဲ့ ရှုန်းကန်နေရအုံးမယ် ဒီ နှစ်သစ်ကူး ချိန်မှာလေ...။
ဒီအလုံပိတ် အခန်းထဲက တစ်ခုတည်းသော ထွက်ပေါက် ကျင်းကျင်းလေးဟာ အထီးကျန်ခြင်းလို့ အစကတည်းကသာ သိခဲ့ရင် ငါ အခန်းထဲမှာဘဲ ဆက်နေမိမယ် ထင်တယ် ခုတော့ back gear မရှိတဲ့ဘဝမှာ ငါ့အတွက် ရွှေးစရာ ဘာများလောက်လောက်လားလား ကျန်သေးလို့လဲ...။
အကျိုးကို မျှော်ကိုးခဲ့တယ်ဆိုရင် ဒါဟာ တကယ်ပေးဆပ်မှု မဟုတ်လို့ဘဲ။ ငါကတော့ ပေးဆပ်မှုဆိုတာကို နဲနဲ နဲနဲ ရေရွတ်ရင်း ဘာဘဲဖြစ်ဖြစ်လေ ..
စိုက်ပျိုးသူနဲ့ ခူးဆွတ်သူ အာလုံးဟာ ကြိုတင်စီစဉ်ထားပြီးသား ကံတရားရဲ့ဇတ်ညွှန်းထဲက ဇတ်ဆောင်တွေပါဘဲ။
တစ်ခုဘဲ ဆုတောင်းပါရစေ .." ရောက်လာအုံးမဲ့ နောက်နောင် နှစ်သစ်ကူးနေ့ရက်များကိုတော့
အထီးကျန်ခြင်းရဲ့ အခန်းထဲ ဒီလို ပို့စ် မျိုး မရေးပါရစေနဲ့"တော့လို့ဘဲ။း(
by မင်း
အင်တာနက်မှာ ကြည့်ရင်း ပြုံးမိတာလေးတွေ ပြန်တင်လိုက်တာပါ... ဘာရယ်မဟုတ်ပါဘူး ပေါ့ပေါ့ပါးပါးပေါ့...
ကြည့်တာနဲ့ သိပါတယ် တရုတ်မှာဆိုတာ
..
တမင်များရေးထားကြလားမသိဘူးး

ပုံများကို Google Image ကူးပါသည် ... :D
by မင်း
ငယ်ငယ်ကတည်းကတည်းက မှတ်မှတ်ရရ အဖေဟာ ကျနော့ကို တစ်ခါဘဲ ရိုက်ဘူးတယ် (၁၀) တန်းတုန်းကပါ ဒါပေမဲ့ အနေတည်ပြီး စည်းကမ်းကြီးလွန်းတဲ့ အဖေ့ကို မောင်နှမတွေ အားလုံးကြောက်ရပါတယ် တော်ရုံတန်ရုံ စကားမပြောပေမဲ့ အဖေ့အကြည့်နဲ့တင် ကျနော်တို့ မောင်နှမတွေ နေစရာ မရှိလောက်အောင် ဖြစ်ဘူးတာတွေ မမေ့နိုင်သေးဘူး။
ချုပ်ချယ်လွန်းလို့ ငါကြီးလာရင် အဖေ့လို မဖြစ်စေရဘူးလို့ ပြောဘူးတဲ့ ကျနော်ဟာ ခု အသက်ကြီးလာလေ ကျနော့်စိတ်တွေဟာ အဖေနဲ့ ပိုတူလာလေ ဖြစ်လာတာ တွေ့ရတော့ တစ်ခါတလေ ကိုယ့်ကို ပြန်ပြီး ပြုံးမိတယ် .. တကယ်တော့ အဖေဟာ ကျနော်တို့ကို ကွယ်ရာမှာ တော်တော်ချစ်ခဲ့တာပါ။
အရင်တုန်းက အတူတူနေခွင့်ရချိန် အဖေကို စိတ်ဆိုးလို့ စကားမပြောဘဲ နေခဲ့တဲ့ရက်တွေကို ခုအဝေးရောက်မှ နောင်တရနေမိတယ်။ ဘဝရဲ့ အခက်ခဲတွေကို တစ်ယောက်ထဲ အံကျိတ်ပြီး ကျော်ဖြတ်နိုင်ခဲ့ တဲ့ အဖေလို ခွန်အားမျိုးကို ကျနော် ခုချိန်မှာ အရမ်းအားကြနေမိပြီလေ။
သူ့ရဲ့အတွေကြုံ သူ့ရဲ့ဉာဏ်ပညာ သူ့ရဲ့ ကိုယ်ကျင့်တရား နောက် သူ့ရဲ့ တာဝန်ယူနိုင်မှုတွေကို ကျနော် ဘယ်လိုမှ လိုက်မှီနိုင်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျနော်ဟာ အဖေနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာကို ရောက်နေပါပြီ။
တနေ့ ... ကျနော် အဖေတစ်ယောက်ဖြစ်လာမယ်ဆိုခဲ့ရင်တောင် အဖေ့လို အဖေပီသတဲ့ အဖေမျိုးဖြစ်နိုင်ပါ့မလား မိသားစုတစ်ခုကို အောင်မြင်စွာ ခေါင်းဆောင်နိုင်ပါ့မလားဆိုတာ ကိုယ့်ကို သံသယ တော့ဖြစ်မိတယ်။
တနေ့ ကျနော်ပြန်ရောက်ရင် ကျနော်ပြန်နိုင်ရင် ကျနော် ပြန်ဖြစ်ရင်ပေါ့ အဖေမကြိုက်တဲ့ အကျင့်တွေ ဖျောက်နိုင်အောင်ကျိုးစားပြီး အဖေ့ကို စိတ်ချမ်းသာအောင်ဘဲ ထားတော့မယ်လို့ ............ ။
ဒီနေ့ အဖေ့မွေးနေ့လဲ မဟုတ်ပါဘူး အဖေများနေ့လဲ မဟုတ်ပါဘူး ဒါပေမဲ့ အဖေ့ကို လွမ်းရင်း ဒီစာကိုရေးမိတာပါ အဝေးက အဖေ နေကောင်းပါစေ။
by မင်း
သူငယ်ချင်း တစ်ယောက်က သူ့ Face Book account ကို ဖျက်လိုက်ပြီလို့ အသိပေးပြီး မကြာခင်မှာဘဲ google ရဲ့ buzz အကြောင်း
သတင်းတွေ ထွက်လာတယ် ....
ဒါနဲ့ဘဲ ဒီ Social Networking Site တွေ အကြောင်းကို ပြန်စဉ်းစားလာရတယ် .. buzz ကိုတော့ ပိတ်ထားလိုက်ပါပြီ .. ဒါပေမဲ့ Face Book ကိုပိတ်လိုက်ဘို့က နှမျှောနေတယ်လေ .. ကိုယ်တင်ထားတဲ့ ပြူးတူးပြဲတဲပုံတွေရယ် .. Level 8 ကနေဆက်မကစားဖြစ်တဲ့ မာဖီးယားရယ် .. ပွဲတိုင်းရှုံးနေလို့ စိတ်ကုန်သွားတဲ့ chess ပွဲတွေရယ် ... နောက် ပေါက်ကရ အမြဲ လုပ်နေကြတဲ့ ဘော်ဒါတွေရယ်ကို သံယောဇာဉ် မပြတ်တာနဲ့ဘဲ တော်တော်ကြာသွားတယ် ..
နောက်ဆုံးတော့ ကိုယ့်ကိုယ့် မလုံသလိုဖြစ်လာတာနဲ့ စိတ်တင်းပြီးဘဲ ပိတ်လိုက်ပါပြီ ...
ကိုယ့်ကို ၂၀ရာစု ချောင်လေးထဲဘဲ ပြန်သွားခွေနေတော့မယ် ...
by မင်း
ဂုဏ်ဒြပ်တွေအစုံအလင်နဲ့
ခုံမင်စရာကောင်းလှတဲ့
ပုံပြင်ထဲက အင်ဂျင်နီယာလောင်းရဲ့ဘဝ
ငါငယ်ငယ်က ဖေဖေပြောပြခဲ့တယ်....
(တကယ်အားကျမိပါရဲ့)
အဲဒီအချိန်လောက်ကတည်းက
ကလေးလေးတစ်ယောက်ရဲ့ရင်ထဲ
အာရုံတွေမှာလည်းစွဲလို့
အင်ဂျင်နီယာဆိုတဲ့စိတ်ကူးနဲ့
ကြိတ်ပြီးရူးခဲ့ရတာ
ဆယ်စုနှစ် နှစ်ခုတောင်ကျော်လာပြီ...
သြော်....ခုတော့
လမ်းခွဲမရှိတဲ့လမ်းထဲ
လမ်းလွဲဖို့မှလည်း မဖြစ်တော့ဘဲ
မချစ်တော့လည်း အောင့်ကာနမ်းဆိုသလို
ရောက်ရာစခန်းမှာ
(အခွင့်အခါကောင်းမယ့် တစ်နေ့နေ့ကိုသာ)
စောင့်ကာလွမ်းတော့မယ်.....
ဒီနေရာရောက်ခဲ့မှတော့
ဟို... ရှေ့နားက နောက်ဆုံးမှတ်တိုင်
ကပ်နိုင်အောင်ပဲကြိုးစား
အိမ်မက်တွေ ဝိုးတဝါးနဲ့
ရှေ့တိုးသွားမယ့် ခြေလှမ်းများက
နွေလမ်းမို့ဘဲဖြစ်ဖြစ်
မြေကြမ်းလို့ဘဲဖြစ်ဖြစ်
ရပ်တန့်လိုက်ဖို့တော့ မဖြစ်ဘူး....
သူငယ်ချင်း ကျော်ကြီးရဲ့ ကဗျာလေးပါ .. စာအုပ်တူတူထုတ်ခဲ့ကြတာဆိုတော့ အမှတ်တရပေါ့
ကျော်ကြီးတစ်ယောက်တော့ စက်မှု(၂)မှာ အခွင့်ကောင်းတွေ တွေ့နေလောက်ပြီလိုထင်ပါတယ်
by မင်း
ရည်ရွယ်တာ ချွေမယ်မဟုတ်ပါဘူး
နေပါစေ ညှာတံထက်မှာ မြဲသလောက်
ကြွေဆင်းမှ ကောက်တော့မယ် အတွေးနှင့်ပါ
ပျိုးသူမှာ ကြိုစိတ်ကူးရင်ရင်း..........
မမြင်ခင် ချွေချင်သူတွေ မဦးအောင်လည်း
မခွာရဲ သည်အပင်နားမှာ
ပွင့်လာစဉ် အရင်နမ်းမယ်ပေါ့
အသာလှမ်း တိုးကပ်စဉ် ....
အား !
ဝတ်ရည်ခိုးစုပ်
ထိုပျားယုတ်က
ငါ့ကို တုပ်ကာ ပြေးလေပြီ...
ကျောင်းတုန်းက ရေးထားတာတွေပါ ... ပြန်ဖတ်ကြည့်တော့ ရီစရာဖြစ်နေပေမဲ့ ပြင်လဲ မပြင်ခြင်ဘူး
ဒါနဲ့ အရင်တိုင်းဘဲ ကူးထည့်လိုက်တယ်။
by မင်း
ဒီနေ့တော့ ဘုရားဖူး ထွက်ကြတာပေါ့.... ။
ကျိုက္ခမီ ရေလယ် ဘုရားပါ
ကျိုက္ခမီ ရေလယ်ဘုရား နှင့် ပတ်ဝန်းကျင် ရှုခင်းများပါ.... ဘုရားပေါ်ကနေ ပတ်ဝန်းကျင် အနှံ ဓါတ်ပုံတွေ ရိုက်ခဲ့ပေမဲ့ ဘုရားပုံ ရိုက်ခဲ့ဘို့မေ့ခဲ့တယ်။ ကဲ ...ကျိုက်ထီးရိုးကို ဆက်သွားကြတာပေါ့။
ကျိုက်ထီးရိုးတောင်တက်လမ်းက ကားတွေ ခဏနားတဲ့ ရေတံခွန်မြောင်
ပုံထဲမှာပါတဲ့ ကိုရင်လေးတွေကတော့ ဓါတ်ပုံရိုက်လိုက်မှန်းတောင် သိမှာမဟုတ်ဘူး။
ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်ခဲ့ပါပြီ.... ဘယ်နှစ်ကြိမ် ဖူးဖူး ဘယ်နှစ်ခါရောက်ရောက် မဝသွား မရိုးသွားတဲ့ နေရာပါ။ ကြည့်လို့မဝနိုင်တဲ့ သဘာဝ ရှုခင်းတွေဟာ သန်းပေါင်းများစွာ အကုန်ခံဖန်တီးထားတဲ့ လူလုပ် Sentosa လို နေရာမျိုးနဲ့ မလဲနိုင်ပါဘူး။ တန်ဘိုးခြင်းလဲ ကွာပါတယ်။
ညနေစောင်းရဲ့အလှ စေတီတော်ရဲ့သပ္ပယ်မှုနဲ့ အတူ ကျနော်ရဲ့ အရုပ်လေးပါ။(သူဖတ်မိမှာ မဟုတ်လို့တင်ရဲတာပါ)
တောင်ပေါ်က ပြန်ဆင်းပါပြီ... ။ ဒီလိုကား ဒီလိုလမ်းကို ဒီလောက်လူအများကြီးနဲ့ ဆင်းတာ အန္တရယ်မကင်းဘူးလို့ ထင်တယ်။ (ကြီးကျယ်သလိုများဖြစ်သွားမလား.းD)
ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကတော့ မနည်းပါဘူး အဲဒီအထဲမှာ ကိုယ့်ပုံကိုပြန်ရိုက်တာ သုံးလေးပုံဘဲ ရှိတယ် နောက်ပြီး တချို့ပုံတွေက အပျော်သဘော ရိုက်ထားတော့ တင်လို့ မကောင်းဘူးထင်လို့ပါ..။ များများစားစား လာကြည့်ကြမှာ မဟုတ်မှန်း သိပေမဲ့ လာကြည့်တဲ့ လူအနည်းစုလေးကို တော့အမြင်ကပ်အောင် မလုပ်ခြင်ဘူးလေး)
ဘုရားပေါ်ရောက် တဲ့နေက မိုးရွာပြီး မြူတွေလဲ ကျနေတော့ တချို့ ဓါတ်ပုံတွေက မကြည်ဘူး ဖြစ်နေတယ်... အဲဒါဘဲ မြူဆိုရင် မိုးမြူလဲ မကောင်းဘူး ဆောင်မြူလဲ မကောင်းဘူး... တကယ်ဘဲ..။
ကဲ တော်ပြီကွယ် နောက်နေ့တွေမှဘဲ ရန်ကုန်မှာ ရိုက်ထားတဲ့ ပုံတွေ တင်မလားလို့ အိပ်ပြီ။
by မင်း
မနက် စောစော မော်လမြိုင်သို့အဝင်
(ဓါတ်ပုံရိုက်လို့ ပြဿနာ ရှာခံရတဲ့နေရာ)
နှင်းတွေကြားက ကျိုက်သံလံ စေတီတော် (တောင်ပေါ်တန်း၊မော်လမြိုင်)
နည်းပညာသက္ကသိုလ် (မော်လမြိုင်)
မော်လမြိုင်မြို့ရူခင်း (မေလေးအတွက်)
ဒါကတော့ ရွှေနတ်တောင်ဆည်ပါ ... ကိုယ်နိုင်ငံမက အလှတွေကို အဝေးရောက်နေမှ ပိုခံစားမိပါတယ်။ အရင်က နေတိုင်းဖြတ်သွားဖြတ်လာလုပ်နေပေမဲ့ သတိမထားမိဘူး..
သံဖြှူဇရပ် မဟာမိတ်စစ်သင်္ချိုင်း (ဆောင်မြူခိုးနဲ့ ဘောလုံးကို သွားရှာတာပါ)
ဓါတ်ပုံထဲက ကောင်မလေးကို ဘယ်သူလဲ မမေးနဲ့နော် ငှက်
ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေက များတော့ ဘယ်ပုံကို တင်ရမှန်းမသိဘူး.. ကောင်းနိုးရာရာလေးတွေကို သုံးရက်လောက် ခွဲတင်ရမယ်ထင်တယ်။ အဓိကသွားခဲ့တာတော့ မော်လမြိုင် ကျိုက်ခမီ ကျိုက်ထီးရိုး တို့ကိုပါ နောက်နေ့မှ ကျိုက်ခမီနဲ့ ကျိုက်ထီးရိုး သွားတဲ့ပုံတွေ တင်တော့မယ်။ငှက်လေးရေ အဲဒီအခါမှ နင်ကြည့်ခြင်တဲ့ ပုံတွေကြည့်တော့။
by မင်း
ဘယ်ကစရေးရမှန်း မသိဘူးးးး
မရောက်တာကြာပြီဖြစ်တဲ့ ဘာမှမပြောင်းလဲတဲ့ အရာအားလုံး ဟောင်းနွမ်းနေတဲ့ မြန်မာပြည်က ပြန်ရောက်လာခဲ့ပြီ.. ဘာဘဲဖြစ်ဖြစ် ပျော်ခဲ့ပါတယ် .. ကိုယ့်နိုင်ငံ ကိုပြန်ရောက်မှ ဘယ်သူတွေမှန်းမသိတဲ့သူတွေရဲ့ ဘာကြောင့်မှန်းမသိဘဲ ဟောက်ခံရတာတွေ... အားလုံးတူညီတဲ့ ဘာသာစကားကို ပြောရင်း ဘာပြောနေကြမှန်းမသိဘဲ နားမလည်ခဲ့တာတွေ.... မှုန်ဝါးဝါး မီးရောင်တွေ... မျဉ်းကြားမရှိတဲ့ လမ်းတွေမှာ လမ်းကူးရတာတွေ.. လူကိုယ်တိုင် ရောက်နေပါရဲ့ မှတ်ပုံတင်ပြခိုင်းတာတွေ.. နောက် တချို့တချို့သော လွဲချော်မှုတွေ ရှိနေသိတိုင် ကျနော် ပျော်ခဲ့ပါတယ်။
နိုင်ငံခြားမှာ နေလို့ကြီးကျယ်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ကျနော် မငြင်းတော့ပါဘူး။ အမှန်တကယ်ဘဲ ကျနော် ကြီးကျယ်သွားခဲ့တယ် ထင်ပါတယ်...။ နေ့ခင်းကြောင်တောင် လသာ လမ်းမပေါ်မှာ(ပလက်ဖေါင်းပေါ်မဟုတ်) လက်ဖက်ရည်ထိုင်သောက်ဘို့ မရဲတော့တာ... တံခါးအလုံပိတ်ထားတဲ့ အဲကွန်းမဖွင့်တဲ့ ဘတ်စ်ကားကို မစီးနိုင်ခဲ့တာ... အအေးခန်း စားသောက်ဆိုင်ထဲမှာ ဆေးလိပ်သောက်ဘို့ မရဲတော့တာတွေကြောင့် ကျနော် ကြီးကျယ်သွားတယ် ဆိုရင်တော့ နေပါစေတော့..။
ဒါကတော့ မင်း ရဲ့ ရောက်ရောက်ခြင်းလက်ဆော့မှုပါ.. မနက်ဖြန်မှ အကြွားပို့စ်တွေ တင်တော့မယ်
by မင်း
ဘလောက်လေး တစ်ခုရေးမလားလို့ လုပ်ပြီးမှ ရှုပ်လိုက်တဲ့ အလုပ်တွေ ဆမ်းဒေးတောင် ချာချာလည်နေတယ် .. စရေးစက မျက်စိလည်ရောက်လာတဲ့ သူငယ်ချင်းတွေလဲ မေ့မေ့ပျောက်ပျောက်တောင် ဖြစ်သွားလောက်ရောပေါ့.. ဘာဘဲဖြစ်ဖြစ် ကိုယ်လုပ်ထားတဲ့ ဒီဘလောက်လေးကိုတော့ ဖျက်ပစ်လိုက်ဘို့ ဆန္ဒတော့ မရှိပါဘူးးးးး။ နောက်တခုက ကိုယ်က ခွင့်ရက်ရှည်ယူဘို့ရှိနေတော့ လက်ကျန်အလုပ်တွေ လက်စသတ်နေရတာလဲ ပါတယ်လေ .. ခွင့်ကပြန်လာမှဘဲ ကုန်ကြမ်းတွေ အပြည့်သယ်လာပြီး တဝကြီးရေးတော့မလားလို့... ။
by မင်း
ဒီပို့စ်ကိုမရေးခင် ဘာကြောင့် ဒီအကြောင်းရေးဖြစ်သွားလဲဆိုတာ အရင်ရေးရမယ်ဆိုရင် ဟို
ငှက်စုတ် ရဲ့ဘလောက်ကို ရောက်သွားရာက စရမယ်ထင်တယ်.... အပြောင်းလဲများတဲ့ ငှက်တကောင်ရဲ့ ဘလောက်လဲရောက်သွားရော (အလုပ်မရှိလို့ ထင်ပါတယ်) ဘာလောက်နံမည်ရော တမ်းပလိတ်ပါ ပြောင်းထားတယ်လေ ဘာတဲ့ စက်တင်ဘာရဲ့ကောင်းကင် ဆိုဘဲ .. ဒီနံမည်မျိုးကြားဘူးပါတယ်လို့ထင်တာနဲ့ စဉ်းစားနေတာ ဘယ်ဟုတ်မလဲ ကြည့်ဘူးတဲ့ ရုပ်ရှင်ကားတစ်ကားကို စွဲနေတာကိုးးးး ဇတ်ကားနံမည်က October Sky ပါ (ဘာမှလဲမဆိုင်ဘူးနော်) အမေရိကန် ချာတိတ်တယောက်က ဒုံပျံလုပ်ဘို့ ကျိုးစားတဲ့ အကြောင်းပါ ဇတ်ကားက ကောင်းပါတယ် (ကြည့်ချင်ရင်တော့ ကိုယ့်ကိုယ် ရှာကြည့်ကြ)..... အင်ဒရိုတောင် တော်တော် ရှည်သွားပြီ။
အင်္ဂလိပ် စာတွေကို မြန်မာမှုပြုရာမှာ တချို့စကားလုံးတွေဟာ ပိုပြီး ခေါ်ရခက်သွားတာမျိုး ရှုပ်ထွေးသွားတာမျိုး တွေ့ရတယ် အခုရေးချင်တာက မြန်မာစာပေအကြောင်းမဟုတ်ပါဘူး... မြန်မာမှုပြုရာမှာ ရှုပ်နေတဲ့ ဒုံးပျံ ဒုံးကျဉ် အကြောင်းပါ ... ဘာကွာလဲလို့မေးရင် မသိဘူးလို့ဘဲဖြေရမှာဘဲ ဒါပေမဲ့ ကိုယ်ထင်ရာတော့ ရေးလိုက်ပြီ ... အမှားပါရင် ထောက်ပြကြပါလို့။
အရင်ဆုံး Rocket အကြောင်းရေးချင်တယ် .. မြန်မာလိုတော့ ဒုံးပျံလို့ခေါ်တယ် ထင်တယ်။ Rocket လို့ပြောရင် အကုန်ပါတယ် ဒုံးကျဉ် (Missile) အာကသယာဉ် နောက် aircraft မီးရှုးပန်း အဲဒါတွေပေါ့.. Rocket ဟာ မီးလောင်ခန်း (combustion chamber) ထဲမှာ လောင်စာတွေကို လောင်ကျွမ်းစေပြီ လောင်ကျွမ်းမှုကြောင့် ရလာတဲ့ အပူတွေဟာ အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ expansion nozzle ကိုဖြတ်သွားပြီး ကြီးမားတဲ့တွန်းကန်အား(Thrust)တွေ ဖြစ်လာပါတယ်။ Rocket တွေကို အဓိကသုံးတာကတော့ ဂြိုလ်တုတွေ အာကာသယာဉ်တွေ လွတ်တင်ရမှာဖြစ်ပါတယ်။ Rocket တွေဟာ လောင်စာအမြောက်အများကို သိုလှေင်ထားတဲ့ ကန်တွေလိုပါဘဲ ဒါကြောင့် အလွန်အန္တရယ်များပါတယ် နည်းပညာတိုးတက်ပါတယ်ဆိုတဲ့ US လိုနိုင်ငံမှာတောင် Challenger လွန်းပျံယာဉ် ပျက်ကျခဲ့တာ Rocket ပြသနာကြောင့်ပါ။
Saturn Rocket ( ကမ္ဘာမှာ အကြီးဆုံးဒုံးပျံပါ အမေရိကန်တွေ အပိုလိုစီမံကိန်းမှာ သုံးခဲ့တာပါ)
သမိုင်းမှာ Rocket ရယ်လို့စခဲ့တာ တရုတ်တွေပါ ယမ်းမုန့်သုံးပြီး မီးရှုးပန်းတွေ အနေနဲ့လုပ်ခဲ့ကြတာပါ။ ပထမဆုံး ခေတ်မှီ Rocket ဖြစ်တဲ့ V-2 ကိုတော့ ဂျာမန်တွေက ၁၉၄၃ မှာ စတင် သုံးစွဲခဲ့တယ်။မျက်မှောက်ကလမှာတော့ Rocket နည်းပညာဟာ သိပ်အထူးအဆန်းကြီး မဟုတ်တော့ပါဘူး။
Missile ကတော့ စစ်ဘက်မှာဘဲ လက်နက်အဖြစ် သုံးတယ် အမျိုးအစားတွေကတော့ တော်တော်များတယ်။ Missile အတွက်လိုအပ်တဲ့တွန်းအားကိုတော့ Rocket ဒါမှမဟုတ် Jet Engine အသုံးပြုပြီးရပါတယ်။ အမျိုးအစားတွေ များလွန်းတော့တခုချင်းလိုက်ရေးနေရင် ဝထ္ထုတစ်အုပ်လောက် ဖြစ်သွားလိမ့်မယ်။ ရေးလို့ကောင်းတာလေးဘဲ ရေးလိုက်တော့မယ်။
ဘဘ တွေလိုချင်နေတယ်ဆိုတဲ့ scud missile
Tomahawk cruise missile
Cruise Missile ကိုအင်တာနက်မှာ ရှာကြည့်တော့ guided missile လို့ရေးထားတာ တွေ့ရတယ်။ မြန်မာလိုဆိုရင်တော့ ပဲ့ထိန်းဒုံးကျဉ် ပေါ့။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက V-1 ဆိုပြီး စတင်ခဲ့တဲ့ ဒီလက်နက်ဟာ အခုအခါမှာ အလွန်ပေါ်ပြူလာဖြစ်နေတဲ့ လက်နက်တမျိုးပေါ့ .. .ပင်လယ်ကွေ့စစ်ပွဲမှာ အီရတ်ကို ဆော်တုန်းက အမေရိကန်တွေ ကောင်းကောင်းသုံးခဲ့တဲ့ လက်နက်ပါ။ ဘာနဲ့တူလဲဆိုရင် အခုတွင်တွင်ကျယ်ကျယ် သုံးလာတဲ့ မောင်းသူမဲ့ လေယာဉ်တွေ လိုပါဘဲ ဒီ missile က .. ကွာတာက တခါသုံးဘဲ ပစ်ပြီးရင် ပြီးပြီ။ ပစ်မှတ်ကို မပစ်ချင်တော့ရင်တောင် ပြန်ခေါ်လို့မရဘူး(ခေါ်ချင်လဲခေါ်ပေါ့) ဖျက်ဆီးပြစ် ဖေါက်ခွဲပြစ် ဒါဘဲ။
တခြားအမျိုးစားတွေလဲ အများကြီးဘဲ ဒီလူသတ်လက်နက်တွေ အကြောင်းရေးရတာ ကောင်းတော့မကောင်းဘူးထင်တယ်။ နောက်နေ့တွေမှ တဖြေးဖြေးဆက်ရေးတော့မယ်။ငှက် စတဲ့ အရှုပ်လေ။ ကြုံတုန်းပြောရင် မင်း လဲ Rocket လုပ်ဘူးတယ် မီးရှုးပန်းလေ ငယ်ငယ်က ၆ တန်းလောက်ကထင်တယ် နောက်ပိုင်းလူကြီးတွေ သိသွားလို့ပေါ့ နို့မို့ဆို မင်း တို့အဖွဲ့ အခုလောက်ဆို ကမ္ဘာကျော်နေပြီထင်တယ်း)
by မင်း
ပင်လယ်လို အိမ်မက်တပွေ့တပိုက်နဲ့
နေ့ည ပျံသန်းခဲ့ စဉ်က
အလှဆုံး ဒီဆည်းဆာတွေမှာ ခံစားရင်း
ငါဟာ ငှက်တကောင်လို...
မိုင်ရာထောင် မျော်လင့်ချက်တွေ ရဲ့တဘက်
တစ်ကောင်တလေစားရမလား..လို့
ငါ ချကျွေးခဲ့သော ကျားပေါင်းများစွာ...
center line မှာ လမ်းပျောက်ခဲ့သူပါ
မနက်ဖြန်ဆိုတာကလဲ ...
မနေ့ကထက် ဘာပိုထူးအုံးမှာလဲ
စတေးပစ်လိုက်စမ်း
ဝေးသထက် ဝေးလာနေတဲ့ ကမ်းခြေအိမ်မက်ထက်
နေမထွက်တဲ့ မနက်ခင်း စစ်စစ်တွေထဲ
အသက် တစ်ရက်ထပ်ကြီးဘို့
ကော်ဖီတစ်ခွက် ထပ်သောက်ရအုံးမယ်
အချစ်အကြောင်းထက် မင်းရောဘာပြောနိုင်လို့လဲ
သစ္စာဖေါက် အတွက်ကျတဲ့မျက်ရည်
ချစ်သူတွေမှာပဲရှိတယ်
ပြီးဆုံးလိုက်ပါတော့
ဆွေးမြေ့နေတဲ့ ဒိုင်ယာရီ တစ်အုပ်စာ မနိုင်ဝန်တွေ ထမ်းရင်း
အသက်ရှင်ခြင်းမှာ ရှင်သန်ဆဲ လမ်း
နောက်တခန်းအတွက် ငါကရအုံးမယ်.....
၁၀၀၉၀၉
ရေးချင်ရာရေးလိုက်ပြီ.. ဖတ်ချင်တဲ့သူဖတ်ပါ
ဓါတ်ပုံကို ဘယ်ဘလောက် ဘယ်ဆိုဒ် ကမှ မကူး၍ လင့်ထည့်စရာမရှိပါ
by မင်း
ကိုးရက် ကိုးလ မှာ အငဲ ရဲ့ကိုးခွေမြောက် ကိုး အယ်လဘမ် ထွက်လာပါပြီ.. ၂၀၀၆ က ဇစ်မြစ်ထွက်ပြီးကတည်းက ပျောက်ချက်သားကောင်းနေပြီး အခု.... သီချင်းသစ်တွေကို ကိုယ်ပိုင်သံဇဉ် တွေနဲ့ ထွက်လာတဲ့ ဒီ အယ်လဘမ်ဟာ လေးဖြူ ရဲ့ BOB လိုဘဲ ပေါက်အုံးမှာပါ... ကူးခွေ ဗိုင်းရပ်ကိုက် လို့ ယဲ့ယဲ့ဘဲ ကျန်တော့တဲ့ မြန်မာ ဂီတ လောကမှာ တောင့်တောင့်တင်းဆက်ရပ်နေနိုင်တာ ဆိုလို့ IC အဖွဲ့သားတွေဘဲ ကျန်တော့တယ်.. ဒါဟာလဲ သူတို့ရဲ့ ဖန်တီးနိုင်မှုက ပရိတ်သတ်တွေ အတွက် တန်ဘိုးထားလောက်အောင် အဘက်ဘက်က ကောင်းမွန်နေလို့ပါ...
လေးဖြူ အငဲ နဲ့ မျိုးကြီး သူတို့တွေ ရဲ့ခွေတိုင်း အော်ရီဂျင်နယ်ခွေဘဲ ဝယ်ပါတယ်.. အမှတ်တရဆိုတာထက် သူတို့ရဲ့ ဖန်တီးမှုကို အသိအမှတ်ပြုတဲ့ သဘောပါ.. ငါးပွက်ရာ အစာချနေကြတဲ့ အမျိုးမျိုးသော ခေါင်းစဉ်တွေတပ်ထားတဲ့ Live show တွေနဲ့ ကင်းကင်းနေ နေတာကဘဲ သူတို့ရဲ့ သီချင်းတွေ ပိုတန်ဘိုးတက်လာတယ် ထင်ပါတယ်
အခုထွက်လာတဲ့ ကိုး အယ်လဘမ်မှာ သီချင်း ၁၂ ပုဒ်ပါပါတယ် လောလောဆယ် CD ဝယ်မရသေးလို့ download ပြီးနားထောင်ထားတယ်.. သီချင်းတွေက..
၁။ ငရဲတစ်ပိုင်း (လင်းလင်း)
၂။ အိမ် (မောင်မောင်ဇော်လတ်)
၃။ ငါ့စိတ်နဲ့ငါ (နောနော်)
၎။ ငါသေနိုင်တယ် (မီဂျူး)
၅။ မယုံနိုင်ဘူး (နောနော်)
၆။ အမှတ်တရဒဏ်ရာ (ဖိုးဇော်)
၇။ ဗျူဟာ (နောနော်)
၈။ မီးမရှို့နဲ့ (မောင်မောင်ဇော်လတ်)
၉။ အိမ်မက်ပုံပြင် (လင်းလင်း)
၁၀။ မုဆိုး (လင်းလင်း)
၁၁။ နောက်ဆုံးမိနစ် (မောင်မောင်ဇော်လတ်)
၁၂။ ကြိုတင်ကြံစည်မှု (နောနော်)..
ဘယ်သီချင်းတွေ ကောင်းလဲ မေးရင် အားလုံးကောင်းတယ်လို့ဘဲ ပြောရမှာပါ... စင်ပေါ်တက်ပြီး တယောက်ကို တယောက်ဆဲနေတဲ့ hip hot တွေနားထောင်ရတာထက်စာရင် အများကြီး အဆင့်ရှိပါတယ် ရင်နဲ့ အထိဆုံးတပုဒ်က နောနော် ရေးတဲ့ ငါ့စိတ်နဲ့ငါ ပါ ..
အငဲ ထွက်ခဲ့သမျှ ခွေတွေကတော့ (၁) ဝိညာဉ်များနှင့် ကခုန်ခြင်း၊ (၂) ဆာဟာရ၊ (၃) စိတ်ရွက်လှေ၊ (၄) Unplugged၊ (၅) သီချင်းများရဲ့ ဒဏ္ဍာရီ၊ (၆) ဆဋ္ဌမအာရုံ၊ (၇) ခုနှစ်ထွေအကနှင့် (၈) ဇစ်မြစ် တို့ ဖြစ်သည်။ လေးဖြူ၊ မျိုးကြီးတို့နှင့် တွဲဖက်၍ သက္ကရာဇ် ၂ဝဝဝ တွင် ရာစုသစ်၊ ၂ဝဝ၇ ခုနှစ်တွင် LMN ဆိုတဲ့ ခွေတွေလဲ ဆိုခဲ့ပါတယ်။
လင့်တော့ ထည့်မထားတော့ဘူး လိုချင်ရင် ကိုယ်ကိုရှာကြည့်တော့..
by မင်း
ဓါတ်ပုံလေးတွေ တင်မလားလို့ အခုတလော စာရေးရတာ သိပ်အာရုံမလာဘူးဖြစ်နေတယ် ဘာဖြစ်နေမှန်းမသိဘူး ရေးလဲ ပေါက်ကရတွေ ဘဲထွက်လာမှာဘဲ ဒါကြောင့်ပေါ့ပေါ့ပါးပါးလေး ဘဲလုပ်တော့မယ်
တောက်မဲ့ မီးခဲလေးတွေလေ ...
မငိုပါနဲ့ဟာ နင်ကလဲ ငါနောက်မလုပ်တော့ပါဘူးဟ ..
..ငါ့သားတယောက် ဘယ်ရောက်သွားပါလိမ့်..
အဖေ လုပ်သူက chatting ဝင်နေချိန် အလိုက်သိတဲ့ သမီးလေးက ဒီလိုလေး ..
ဒီလို ကလေးမျိုးသားရထားရင် ဆေးခန်းနဲ့ နီးတဲ့နေရာမှာနေတာ ပိုကောင်းမယ်နော်
ဒီပုံလေးကိုတော့ ဘယ်က ကူးထားမိလဲ မမှတ်မိတော့ဘူးးး
ဒါကတော့ ခွေးချစ်တဲ့ မမ လေ
by မင်း
BMW ရဲ့ 2010 အတွက် Vision EfficientDynamics Concept ကားပါ....။
စာမရေးချင်ဘူးး ပျင်းနေတယ်