Pages

ဘုရားဖူး ခရီး








ဒီနေ့တော့ ဘုရားဖူး ထွက်ကြတာပေါ့.... ။




ကျိုက္ခမီ ရေလယ် ဘုရားပါ












ကျိုက္ခမီ ရေလယ်ဘုရား နှင့် ပတ်ဝန်းကျင် ရှုခင်းများပါ.... ဘုရားပေါ်ကနေ ပတ်ဝန်းကျင် အနှံ ဓါတ်ပုံတွေ ရိုက်ခဲ့ပေမဲ့ ဘုရားပုံ ရိုက်ခဲ့ဘို့မေ့ခဲ့တယ်။ ကဲ ...ကျိုက်ထီးရိုးကို ဆက်သွားကြတာပေါ့။



ကျိုက်ထီးရိုးတောင်တက်လမ်းက ကားတွေ ခဏနားတဲ့ ရေတံခွန်မြောင်
ပုံထဲမှာပါတဲ့ ကိုရင်လေးတွေကတော့ ဓါတ်ပုံရိုက်လိုက်မှန်းတောင် သိမှာမဟုတ်ဘူး။










 

 


ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်ခဲ့ပါပြီ.... ဘယ်နှစ်ကြိမ် ဖူးဖူး ဘယ်နှစ်ခါရောက်ရောက် မဝသွား မရိုးသွားတဲ့ နေရာပါ။ ကြည့်လို့မဝနိုင်တဲ့ သဘာဝ ရှုခင်းတွေဟာ သန်းပေါင်းများစွာ အကုန်ခံဖန်တီးထားတဲ့ လူလုပ် Sentosa လို နေရာမျိုးနဲ့ မလဲနိုင်ပါဘူး။ တန်ဘိုးခြင်းလဲ ကွာပါတယ်။







 



ညနေစောင်းရဲ့အလှ စေတီတော်ရဲ့သပ္ပယ်မှုနဲ့ အတူ ကျနော်ရဲ့ အရုပ်လေးပါ။(သူဖတ်မိမှာ မဟုတ်လို့တင်ရဲတာပါ)



တောင်ပေါ်က ပြန်ဆင်းပါပြီ... ။ ဒီလိုကား ဒီလိုလမ်းကို ဒီလောက်လူအများကြီးနဲ့ ဆင်းတာ အန္တရယ်မကင်းဘူးလို့ ထင်တယ်။ (ကြီးကျယ်သလိုများဖြစ်သွားမလား.းD)

ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကတော့ မနည်းပါဘူး အဲဒီအထဲမှာ ကိုယ့်ပုံကိုပြန်ရိုက်တာ သုံးလေးပုံဘဲ ရှိတယ် နောက်ပြီး တချို့ပုံတွေက အပျော်သဘော ရိုက်ထားတော့ တင်လို့ မကောင်းဘူးထင်လို့ပါ..။ များများစားစား လာကြည့်ကြမှာ မဟုတ်မှန်း သိပေမဲ့ လာကြည့်တဲ့ လူအနည်းစုလေးကို တော့အမြင်ကပ်အောင် မလုပ်ခြင်ဘူးလေး)
ဘုရားပေါ်ရောက် တဲ့နေက မိုးရွာပြီး မြူတွေလဲ ကျနေတော့ တချို့ ဓါတ်ပုံတွေက မကြည်ဘူး ဖြစ်နေတယ်... အဲဒါဘဲ မြူဆိုရင် မိုးမြူလဲ မကောင်းဘူး ဆောင်မြူလဲ မကောင်းဘူး... တကယ်ဘဲ..။

ကဲ တော်ပြီကွယ် နောက်နေ့တွေမှဘဲ ရန်ကုန်မှာ ရိုက်ထားတဲ့ ပုံတွေ တင်မလားလို့ အိပ်ပြီ။
9 Responses
  1. အဟမ်း အဟမ်း ကောင်မလေးကို နင်နဲ့တူလားလို့ သေချာကြည့်ပါတယ် သေချာကိုကြည့်ပါတယ် ၁ ခေါက် ၂ ခေါက် ၃ ခေါက် အပြန်ပြန်အလှန်လှန် ကြည့်ပါတယ် (မျက်နှာပြောပါတယ် တလွဲမတွေးပါရန်) နောက်ဆုံး ထွက်လာတဲ့ အဖြေက မင်း နဲ့လုံးလုံး မတူသလို ပြားပြားလဲမတူပါဘူး ဟိဟိ


  2. အယ်လဲ့ အရုပ်ကလေးတဲ့ ဒါဆိုရင် နင် ဘာမှလုပ်လို့မရဘူးပေါ့နော် (အယ် ငါပြောတာ နင် အလှပဲထိုင်ကြည့်လို့ရမှာပေါ့လို့ လမ်းတွေဘာတွေ လျှောက်လို့မရဘူးပေါ့လို့ ပြောပါတယ် ဟဲဟဲ)

    ကျိုက်ထီးရိုးကို ငယ်ငယ်က ရောက်ဖူးတယ် အခုတော့ မေ့ပြီပေါ့


  3. ကျော်ကျော်အောင် Says:

    မင်း အဲဒီအရုပ်ကလေးကချစ်စရာလေးနော်
    ငါကြည့်ယုံဘဲ ကြည့်သွားပါတယ် အူမတိုနဲ့နော်ဟိဟိ


  4. ဆောင်းမြူခိုး Says:

    မကျေနပ်လို့ အလုပ်ကနေ မန့် ကြည့်မယ်....မှန်းစမ်း ..ရသလားလို့ 


  5. ဆောင်းမြူခိုး Says:

    အော် ..လက်စသတ်တော့ အိမ်ကနာ့စက် လက်ချက်ကိုးးး ဒင်း တရားခံကိုးးး
    နင့် ပြတိုက်ထဲက အရုပ်က လှလှချေလား...


  6. ballonlay Says:

    ကျိုက်ထီးရိုးဘုရားဖူးပြီး သဘာဝ လွမ်းဆွတ်ဖွယ်ရှုခင်းနဲ့အတူ အရုပ်လေးကို ငေးမောသွားပါတယ် ချစ်စရာလေး. :)


  7. Anonymous Says:

    ကျိုခမီတော့ မရောဖူးသေးဘူးဗျာ။ ကျုက်ထီးရိုးလဲ မရောက်တာ ၁၀နှစ်ကျော်ပြီ လွမ်းလိုက်တာဗျာ..ောတင်ပေါ်တက်ရတဲ့ အရသာလေးကို လွမ်းမိတယ်။ ဘုရာလဲ ဖူးချင်တယ်။


  8.်လွမ်းတယ်.. လည်ချင်လာပြန်ပြီ...း(((...


  9. SHWE ZIN U Says:

    ကျနော်ရဲ့ အရုပ်လေးပါ

    ဟေး.ဟေး