Pages

သုံးနှစ်မြောက် အထီးကျန်ခြင်း

ဘဝဆိုတာ  ဖြစ်ခြင်တာတွေဘဲ ဖြစ်နေတာ မဟုတ်တာတော့ လူတိုင်းသိပါတယ်
ဘီလဂိတ်လို့ လူမှာတောင် မပြည့်ဝတာတွေ ရှိနေမှာဘဲလေ
ဒါပေမဲ့ ဘဝတစ်ခုကို ပြည့်စုံအောင် ဖြည့်ဆည်းဘို့ ကျိုးစားရင်း ပိုပိုပြီး ကွက်လပ်တွေ များလာတာကဘဲ
ကံတရားရဲ့ နောက်ပြောင်မှုလား အိပ်ပေါက်နဲ့ ဖါးကောက်ရသလို  ဒီရုပ်ဝထ္ထုတွေနောက်လိုက်ရင်းဘဲ ငါ့ရဲ့စိတ်တစ်ခုလုံး ညစ်နွမ်းနေပြီလေ။

လူမျိုးတိုင်းမှာ သူတို့တန်ဘိုးထားတဲ့ ရိုးရာ နှစ်သစ်ကူးဆိုတာတော့ ရှိစမြဲဘဲ။ ဒါဆိုရင် ငါ့မှာရော...။ လူတိုင်းနီးပါးစောင့်စားနေတဲ့ သင်္ကြန်ပွဲတော်ကြီဟာ မကြာခင် ရောက်လာတော့မယ်။ နောက်ထပ် ရက်အနည်းငယ် ဆိုရင်ပေါ့။
ငါနဲ့ လူမျိုးတူ ဘာသာစကားတူတူ သူငယ်ချင်း မိတ်ဆွေ ညီအကိုမောင်နှမတွေအားလုံး မကြာခင်  သင်္ကြန်ဆိုတဲ့ နှစ်သစ်ကူးပွဲတော် ကြီးကို ပျော်ရွှင်စွာ ဆင်နွှဲကြတော့မယ်။
ငါရော ...
ငါကတော့ ငါ့နဲ့ လူမျိုးရော ဘာသာစကားပါ မတူတဲ့ လူတွေကြား  ဘဝ အမောတွေနဲ့ ရှုန်းကန်နေရအုံးမယ် ဒီ နှစ်သစ်ကူး ချိန်မှာလေ...။

ဒီအလုံပိတ် အခန်းထဲက တစ်ခုတည်းသော ထွက်ပေါက် ကျင်းကျင်းလေးဟာ  အထီးကျန်ခြင်းလို့ အစကတည်းကသာ သိခဲ့ရင် ငါ အခန်းထဲမှာဘဲ ဆက်နေမိမယ် ထင်တယ် ခုတော့ back gear မရှိတဲ့ဘဝမှာ ငါ့အတွက် ရွှေးစရာ ဘာများလောက်လောက်လားလား ကျန်သေးလို့လဲ...။

အကျိုးကို မျှော်ကိုးခဲ့တယ်ဆိုရင် ဒါဟာ တကယ်ပေးဆပ်မှု မဟုတ်လို့ဘဲ။ ငါကတော့ ပေးဆပ်မှုဆိုတာကို နဲနဲ နဲနဲ ရေရွတ်ရင်း ဘာဘဲဖြစ်ဖြစ်လေ ..
စိုက်ပျိုးသူနဲ့ ခူးဆွတ်သူ အာလုံးဟာ ကြိုတင်စီစဉ်ထားပြီးသား ကံတရားရဲ့ဇတ်ညွှန်းထဲက ဇတ်ဆောင်တွေပါဘဲ။
တစ်ခုဘဲ ဆုတောင်းပါရစေ .." ရောက်လာအုံးမဲ့ နောက်နောင် နှစ်သစ်ကူးနေ့ရက်များကိုတော့
အထီးကျန်ခြင်းရဲ့ အခန်းထဲ ဒီလို ပို့စ် မျိုး မရေးပါရစေနဲ့"တော့လို့ဘဲ။း(