Pages

ကျွန်ုပ်၏ရှင်သန်မှု









ပင်လယ်လို အိမ်မက်တပွေ့တပိုက်နဲ့
နေ့ည ပျံသန်းခဲ့ စဉ်က
အလှဆုံး ဒီဆည်းဆာတွေမှာ ခံစားရင်း
ငါဟာ ငှက်တကောင်လို...

မိုင်ရာထောင် မျော်လင့်ချက်တွေ ရဲ့တဘက်
တစ်ကောင်တလေစားရမလား..လို့
ငါ ချကျွေးခဲ့သော ကျားပေါင်းများစွာ...
center line မှာ လမ်းပျောက်ခဲ့သူပါ
မနက်ဖြန်ဆိုတာကလဲ ...
မနေ့ကထက် ဘာပိုထူးအုံးမှာလဲ

စတေးပစ်လိုက်စမ်း
ဝေးသထက် ဝေးလာနေတဲ့ ကမ်းခြေအိမ်မက်ထက်
နေမထွက်တဲ့ မနက်ခင်း စစ်စစ်တွေထဲ
အသက် တစ်ရက်ထပ်ကြီးဘို့
ကော်ဖီတစ်ခွက် ထပ်သောက်ရအုံးမယ်
အချစ်အကြောင်းထက် မင်းရောဘာပြောနိုင်လို့လဲ
သစ္စာဖေါက် အတွက်ကျတဲ့မျက်ရည်
ချစ်သူတွေမှာပဲရှိတယ်

ပြီးဆုံးလိုက်ပါတော့
ဆွေးမြေ့နေတဲ့ ဒိုင်ယာရီ တစ်အုပ်စာ မနိုင်ဝန်တွေ ထမ်းရင်း
အသက်ရှင်ခြင်းမှာ ရှင်သန်ဆဲ လမ်း
နောက်တခန်းအတွက် ငါကရအုံးမယ်.....


၁၀၀၉၀၉
ရေးချင်ရာရေးလိုက်ပြီ..  ဖတ်ချင်တဲ့သူဖတ်ပါ  
ဓါတ်ပုံကို ဘယ်ဘလောက် ဘယ်ဆိုဒ် ကမှ မကူး၍ လင့်ထည့်စရာမရှိပါ


ကိုး

ကိုးရက် ကိုးလ မှာ အငဲ ရဲ့ကိုးခွေမြောက် ကိုး အယ်လဘမ် ထွက်လာပါပြီ.. ၂၀၀၆ က ဇစ်မြစ်ထွက်ပြီးကတည်းက ပျောက်ချက်သားကောင်းနေပြီး အခု.... သီချင်းသစ်တွေကို ကိုယ်ပိုင်သံဇဉ် တွေနဲ့ ထွက်လာတဲ့ ဒီ အယ်လဘမ်ဟာ လေးဖြူ ရဲ့ BOB လိုဘဲ ပေါက်အုံးမှာပါ... ကူးခွေ ဗိုင်းရပ်ကိုက် လို့ ယဲ့ယဲ့ဘဲ ကျန်တော့တဲ့ မြန်မာ ဂီတ လောကမှာ တောင့်တောင့်တင်းဆက်ရပ်နေနိုင်တာ ဆိုလို့ IC အဖွဲ့သားတွေဘဲ ကျန်တော့တယ်.. ဒါဟာလဲ သူတို့ရဲ့ ဖန်တီးနိုင်မှုက ပရိတ်သတ်တွေ အတွက် တန်ဘိုးထားလောက်အောင် အဘက်ဘက်က ကောင်းမွန်နေလို့ပါ...




လေးဖြူ အငဲ နဲ့ မျိုးကြီး သူတို့တွေ ရဲ့ခွေတိုင်း အော်ရီဂျင်နယ်ခွေဘဲ ဝယ်ပါတယ်.. အမှတ်တရဆိုတာထက် သူတို့ရဲ့ ဖန်တီးမှုကို အသိအမှတ်ပြုတဲ့ သဘောပါ.. ငါးပွက်ရာ အစာချနေကြတဲ့ အမျိုးမျိုးသော ခေါင်းစဉ်တွေတပ်ထားတဲ့ Live show တွေနဲ့ ကင်းကင်းနေ နေတာကဘဲ သူတို့ရဲ့ သီချင်းတွေ ပိုတန်ဘိုးတက်လာတယ် ထင်ပါတယ်

အခုထွက်လာတဲ့ ကိုး အယ်လဘမ်မှာ သီချင်း ၁၂ ပုဒ်ပါပါတယ် လောလောဆယ် CD ဝယ်မရသေးလို့ download ပြီးနားထောင်ထားတယ်.. သီချင်းတွေက..
၁။ ငရဲတစ်ပိုင်း (လင်းလင်း)
၂။ အိမ် (မောင်မောင်ဇော်လတ်)
၃။ ငါ့စိတ်နဲ့ငါ (နောနော်)
၎။ ငါသေနိုင်တယ် (မီဂျူး)
၅။ မယုံနိုင်ဘူး (နောနော်)
၆။ အမှတ်တရဒဏ်ရာ (ဖိုးဇော်)
၇။ ဗျူဟာ (နောနော်)
၈။ မီးမရှို့နဲ့ (မောင်မောင်ဇော်လတ်)
၉။ အိမ်မက်ပုံပြင် (လင်းလင်း)
၁၀။ မုဆိုး (လင်းလင်း)
၁၁။ နောက်ဆုံးမိနစ် (မောင်မောင်ဇော်လတ်)
၁၂။ ကြိုတင်ကြံစည်မှု (နောနော်).. 

ဘယ်သီချင်းတွေ ကောင်းလဲ မေးရင် အားလုံးကောင်းတယ်လို့ဘဲ ပြောရမှာပါ... စင်ပေါ်တက်ပြီး တယောက်ကို တယောက်ဆဲနေတဲ့ hip hot တွေနားထောင်ရတာထက်စာရင် အများကြီး အဆင့်ရှိပါတယ် ရင်နဲ့ အထိဆုံးတပုဒ်က နောနော် ရေးတဲ့ ငါ့စိတ်နဲ့ငါ ပါ .. 








အငဲ ထွက်ခဲ့သမျှ ခွေတွေကတော့ (၁) ဝိညာဉ်များနှင့် ကခုန်ခြင်း၊ (၂) ဆာဟာရ၊ (၃) စိတ်ရွက်လှေ၊ (၄) Unplugged၊ (၅) သီချင်းများရဲ့ ဒဏ္ဍာရီ၊ (၆) ဆဋ္ဌမအာရုံ၊ (၇) ခုနှစ်ထွေအကနှင့် (၈) ဇစ်မြစ် တို့ ဖြစ်သည်။  လေးဖြူ၊ မျိုးကြီးတို့နှင့် တွဲဖက်၍ သက္ကရာဇ် ၂ဝဝဝ တွင် ရာစုသစ်၊ ၂ဝဝ၇ ခုနှစ်တွင် LMN ဆိုတဲ့ ခွေတွေလဲ ဆိုခဲ့ပါတယ်။





လင့်တော့ ထည့်မထားတော့ဘူး လိုချင်ရင် ကိုယ်ကိုရှာကြည့်တော့..