Pages

ကိုး

ကိုးရက် ကိုးလ မှာ အငဲ ရဲ့ကိုးခွေမြောက် ကိုး အယ်လဘမ် ထွက်လာပါပြီ.. ၂၀၀၆ က ဇစ်မြစ်ထွက်ပြီးကတည်းက ပျောက်ချက်သားကောင်းနေပြီး အခု.... သီချင်းသစ်တွေကို ကိုယ်ပိုင်သံဇဉ် တွေနဲ့ ထွက်လာတဲ့ ဒီ အယ်လဘမ်ဟာ လေးဖြူ ရဲ့ BOB လိုဘဲ ပေါက်အုံးမှာပါ... ကူးခွေ ဗိုင်းရပ်ကိုက် လို့ ယဲ့ယဲ့ဘဲ ကျန်တော့တဲ့ မြန်မာ ဂီတ လောကမှာ တောင့်တောင့်တင်းဆက်ရပ်နေနိုင်တာ ဆိုလို့ IC အဖွဲ့သားတွေဘဲ ကျန်တော့တယ်.. ဒါဟာလဲ သူတို့ရဲ့ ဖန်တီးနိုင်မှုက ပရိတ်သတ်တွေ အတွက် တန်ဘိုးထားလောက်အောင် အဘက်ဘက်က ကောင်းမွန်နေလို့ပါ...




လေးဖြူ အငဲ နဲ့ မျိုးကြီး သူတို့တွေ ရဲ့ခွေတိုင်း အော်ရီဂျင်နယ်ခွေဘဲ ဝယ်ပါတယ်.. အမှတ်တရဆိုတာထက် သူတို့ရဲ့ ဖန်တီးမှုကို အသိအမှတ်ပြုတဲ့ သဘောပါ.. ငါးပွက်ရာ အစာချနေကြတဲ့ အမျိုးမျိုးသော ခေါင်းစဉ်တွေတပ်ထားတဲ့ Live show တွေနဲ့ ကင်းကင်းနေ နေတာကဘဲ သူတို့ရဲ့ သီချင်းတွေ ပိုတန်ဘိုးတက်လာတယ် ထင်ပါတယ်

အခုထွက်လာတဲ့ ကိုး အယ်လဘမ်မှာ သီချင်း ၁၂ ပုဒ်ပါပါတယ် လောလောဆယ် CD ဝယ်မရသေးလို့ download ပြီးနားထောင်ထားတယ်.. သီချင်းတွေက..
၁။ ငရဲတစ်ပိုင်း (လင်းလင်း)
၂။ အိမ် (မောင်မောင်ဇော်လတ်)
၃။ ငါ့စိတ်နဲ့ငါ (နောနော်)
၎။ ငါသေနိုင်တယ် (မီဂျူး)
၅။ မယုံနိုင်ဘူး (နောနော်)
၆။ အမှတ်တရဒဏ်ရာ (ဖိုးဇော်)
၇။ ဗျူဟာ (နောနော်)
၈။ မီးမရှို့နဲ့ (မောင်မောင်ဇော်လတ်)
၉။ အိမ်မက်ပုံပြင် (လင်းလင်း)
၁၀။ မုဆိုး (လင်းလင်း)
၁၁။ နောက်ဆုံးမိနစ် (မောင်မောင်ဇော်လတ်)
၁၂။ ကြိုတင်ကြံစည်မှု (နောနော်).. 

ဘယ်သီချင်းတွေ ကောင်းလဲ မေးရင် အားလုံးကောင်းတယ်လို့ဘဲ ပြောရမှာပါ... စင်ပေါ်တက်ပြီး တယောက်ကို တယောက်ဆဲနေတဲ့ hip hot တွေနားထောင်ရတာထက်စာရင် အများကြီး အဆင့်ရှိပါတယ် ရင်နဲ့ အထိဆုံးတပုဒ်က နောနော် ရေးတဲ့ ငါ့စိတ်နဲ့ငါ ပါ .. 








အငဲ ထွက်ခဲ့သမျှ ခွေတွေကတော့ (၁) ဝိညာဉ်များနှင့် ကခုန်ခြင်း၊ (၂) ဆာဟာရ၊ (၃) စိတ်ရွက်လှေ၊ (၄) Unplugged၊ (၅) သီချင်းများရဲ့ ဒဏ္ဍာရီ၊ (၆) ဆဋ္ဌမအာရုံ၊ (၇) ခုနှစ်ထွေအကနှင့် (၈) ဇစ်မြစ် တို့ ဖြစ်သည်။  လေးဖြူ၊ မျိုးကြီးတို့နှင့် တွဲဖက်၍ သက္ကရာဇ် ၂ဝဝဝ တွင် ရာစုသစ်၊ ၂ဝဝ၇ ခုနှစ်တွင် LMN ဆိုတဲ့ ခွေတွေလဲ ဆိုခဲ့ပါတယ်။





လင့်တော့ ထည့်မထားတော့ဘူး လိုချင်ရင် ကိုယ်ကိုရှာကြည့်တော့..
4 Responses
  1. maylay Says:

    လင့်ခ်မထည့်လည်း မယူပါဘူး။ စိတ်ပုပ် ဟွန်း တွန့်တိုတယ် ဒါလေးတောင် တခါတည်းပေးထားပေါ့ ။ နာတို့လည်း IC က သီချင်းတွေဆို ကြိုက်တာပဲကို။


  2. ဟဲ့ နာဖတ်သွားတယ် လူဇိုးးးးးးး နာက အထုမှ ကျောင်းကပြန်ရောက်တာဟဲ့ ဒါများ မေးလ် မှာ လိပ်ခေါင်းထွက်အောင် လာအော်သွားတယ် ဟွန်းးးး ပြောချင်ဘူး မရှိလို့ပေါ့ ရှိရင် ချက်တာပေါ့ အရူးရဲ့ နင်လေ ဒေါက် ဟွန်းးးး ခေါက်တယ် ဘာလုပ်ချင်လဲ နပျင်းးးးးးးး


  3. ဟုတ်ပါ့ ရောခ်ကရောခ့်ပါပဲ။