Pages

သံသယ

လေးဖြူ ရဲ့ စာမျက်နှာ ၁၅ နားထောင်ရင်း ရေးလိုက်တာပါ



သံသယ


သံသယ ရာပေါင်းများစွာနဲ့ မျှောလွှင့်ရင်း...........
နေဆယ်စင်း ဒီရင်ခွင်မှာ..

ဘာတွေက မှာယွင်းပြီး
ဘယ်သူတွေ .... ဘာပြောလို့
ဘယ်လိုအတွေးတွေနဲ့ ဘာတွေမင်းလုပ်နေမလဲ...

ဘယ်လောက်အတိုင်းတာထိ
သဘောထားကို ဘယ်လိုကြီးထားရမလဲကွာ
တွေးရင်း ရှုပ်ထွေးလာတဲ့ ဒီ အတွေးတွေ တွေးရင်း..
တတိတိနဲ့ .......
ကိုက်ဖြတ်ဆဲ ဒီဦးဏှောက် တခုလုံးမှာ...

ကောင်မလေးရေ.........
မင်းရဲ့ အတိတ်ထက်
အနာဂတ်နဲ့ဘဲ ရင်းနှီးချင်သူပါ
လတ်ဆတ်တဲ့ မနက်ဖြန်တွေဘဲ သက်သက်
ကိုယ် လက်ဆက်ပါရစေ.........


၂၅၀၅၀၉-၂၂၀၀