Pages

သုံးနှစ်မြောက် အထီးကျန်ခြင်း

ဘဝဆိုတာ  ဖြစ်ခြင်တာတွေဘဲ ဖြစ်နေတာ မဟုတ်တာတော့ လူတိုင်းသိပါတယ်
ဘီလဂိတ်လို့ လူမှာတောင် မပြည့်ဝတာတွေ ရှိနေမှာဘဲလေ
ဒါပေမဲ့ ဘဝတစ်ခုကို ပြည့်စုံအောင် ဖြည့်ဆည်းဘို့ ကျိုးစားရင်း ပိုပိုပြီး ကွက်လပ်တွေ များလာတာကဘဲ
ကံတရားရဲ့ နောက်ပြောင်မှုလား အိပ်ပေါက်နဲ့ ဖါးကောက်ရသလို  ဒီရုပ်ဝထ္ထုတွေနောက်လိုက်ရင်းဘဲ ငါ့ရဲ့စိတ်တစ်ခုလုံး ညစ်နွမ်းနေပြီလေ။

လူမျိုးတိုင်းမှာ သူတို့တန်ဘိုးထားတဲ့ ရိုးရာ နှစ်သစ်ကူးဆိုတာတော့ ရှိစမြဲဘဲ။ ဒါဆိုရင် ငါ့မှာရော...။ လူတိုင်းနီးပါးစောင့်စားနေတဲ့ သင်္ကြန်ပွဲတော်ကြီဟာ မကြာခင် ရောက်လာတော့မယ်။ နောက်ထပ် ရက်အနည်းငယ် ဆိုရင်ပေါ့။
ငါနဲ့ လူမျိုးတူ ဘာသာစကားတူတူ သူငယ်ချင်း မိတ်ဆွေ ညီအကိုမောင်နှမတွေအားလုံး မကြာခင်  သင်္ကြန်ဆိုတဲ့ နှစ်သစ်ကူးပွဲတော် ကြီးကို ပျော်ရွှင်စွာ ဆင်နွှဲကြတော့မယ်။
ငါရော ...
ငါကတော့ ငါ့နဲ့ လူမျိုးရော ဘာသာစကားပါ မတူတဲ့ လူတွေကြား  ဘဝ အမောတွေနဲ့ ရှုန်းကန်နေရအုံးမယ် ဒီ နှစ်သစ်ကူး ချိန်မှာလေ...။

ဒီအလုံပိတ် အခန်းထဲက တစ်ခုတည်းသော ထွက်ပေါက် ကျင်းကျင်းလေးဟာ  အထီးကျန်ခြင်းလို့ အစကတည်းကသာ သိခဲ့ရင် ငါ အခန်းထဲမှာဘဲ ဆက်နေမိမယ် ထင်တယ် ခုတော့ back gear မရှိတဲ့ဘဝမှာ ငါ့အတွက် ရွှေးစရာ ဘာများလောက်လောက်လားလား ကျန်သေးလို့လဲ...။

အကျိုးကို မျှော်ကိုးခဲ့တယ်ဆိုရင် ဒါဟာ တကယ်ပေးဆပ်မှု မဟုတ်လို့ဘဲ။ ငါကတော့ ပေးဆပ်မှုဆိုတာကို နဲနဲ နဲနဲ ရေရွတ်ရင်း ဘာဘဲဖြစ်ဖြစ်လေ ..
စိုက်ပျိုးသူနဲ့ ခူးဆွတ်သူ အာလုံးဟာ ကြိုတင်စီစဉ်ထားပြီးသား ကံတရားရဲ့ဇတ်ညွှန်းထဲက ဇတ်ဆောင်တွေပါဘဲ။
တစ်ခုဘဲ ဆုတောင်းပါရစေ .." ရောက်လာအုံးမဲ့ နောက်နောင် နှစ်သစ်ကူးနေ့ရက်များကိုတော့
အထီးကျန်ခြင်းရဲ့ အခန်းထဲ ဒီလို ပို့စ် မျိုး မရေးပါရစေနဲ့"တော့လို့ဘဲ။း(

Funny Signs

အင်တာနက်မှာ ကြည့်ရင်း ပြုံးမိတာလေးတွေ ပြန်တင်လိုက်တာပါ... ဘာရယ်မဟုတ်ပါဘူး ပေါ့ပေါ့ပါးပါးပေါ့...




 


ကြည့်တာနဲ့ သိပါတယ် တရုတ်မှာဆိုတာ..


   


  


  


 တမင်များရေးထားကြလားမသိဘူးး

























ပုံများကို Google Image ကူးပါသည် ... :D


အဖေ... သို့

ငယ်ငယ်ကတည်းကတည်းက မှတ်မှတ်ရရ အဖေဟာ ကျနော့ကို တစ်ခါဘဲ ရိုက်ဘူးတယ်  (၁၀) တန်းတုန်းကပါ  ဒါပေမဲ့ အနေတည်ပြီး စည်းကမ်းကြီးလွန်းတဲ့ အဖေ့ကို မောင်နှမတွေ အားလုံးကြောက်ရပါတယ် တော်ရုံတန်ရုံ စကားမပြောပေမဲ့ အဖေ့အကြည့်နဲ့တင် ကျနော်တို့ မောင်နှမတွေ နေစရာ မရှိလောက်အောင် ဖြစ်ဘူးတာတွေ မမေ့နိုင်သေးဘူး။
ချုပ်ချယ်လွန်းလို့ ငါကြီးလာရင် အဖေ့လို မဖြစ်စေရဘူးလို့ ပြောဘူးတဲ့ ကျနော်ဟာ ခု အသက်ကြီးလာလေ ကျနော့်စိတ်တွေဟာ အဖေနဲ့ ပိုတူလာလေ ဖြစ်လာတာ တွေ့ရတော့ တစ်ခါတလေ ကိုယ့်ကို ပြန်ပြီး ပြုံးမိတယ် .. တကယ်တော့ အဖေဟာ ကျနော်တို့ကို ကွယ်ရာမှာ တော်တော်ချစ်ခဲ့တာပါ။
အရင်တုန်းက အတူတူနေခွင့်ရချိန် အဖေကို စိတ်ဆိုးလို့ စကားမပြောဘဲ နေခဲ့တဲ့ရက်တွေကို ခုအဝေးရောက်မှ နောင်တရနေမိတယ်။ ဘဝရဲ့ အခက်ခဲတွေကို တစ်ယောက်ထဲ အံကျိတ်ပြီး ကျော်ဖြတ်နိုင်ခဲ့ တဲ့ အဖေလို ခွန်အားမျိုးကို ကျနော် ခုချိန်မှာ အရမ်းအားကြနေမိပြီလေ။
သူ့ရဲ့အတွေကြုံ သူ့ရဲ့ဉာဏ်ပညာ သူ့ရဲ့ ကိုယ်ကျင့်တရား နောက် သူ့ရဲ့ တာဝန်ယူနိုင်မှုတွေကို ကျနော် ဘယ်လိုမှ လိုက်မှီနိုင်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျနော်ဟာ အဖေနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာကို ရောက်နေပါပြီ။
တနေ့ ... ကျနော် အဖေတစ်ယောက်ဖြစ်လာမယ်ဆိုခဲ့ရင်တောင် အဖေ့လို အဖေပီသတဲ့ အဖေမျိုးဖြစ်နိုင်ပါ့မလား  မိသားစုတစ်ခုကို အောင်မြင်စွာ ခေါင်းဆောင်နိုင်ပါ့မလားဆိုတာ ကိုယ့်ကို သံသယ တော့ဖြစ်မိတယ်။
တနေ့ ကျနော်ပြန်ရောက်ရင် ကျနော်ပြန်နိုင်ရင် ကျနော် ပြန်ဖြစ်ရင်ပေါ့ အဖေမကြိုက်တဲ့ အကျင့်တွေ ဖျောက်နိုင်အောင်ကျိုးစားပြီး အဖေ့ကို စိတ်ချမ်းသာအောင်ဘဲ ထားတော့မယ်လို့ ............ ။

ဒီနေ့ အဖေ့မွေးနေ့လဲ မဟုတ်ပါဘူး အဖေများနေ့လဲ မဟုတ်ပါဘူး ဒါပေမဲ့ အဖေ့ကို လွမ်းရင်း ဒီစာကိုရေးမိတာပါ အဝေးက အဖေ နေကောင်းပါစေ။


Social Networking နှင့် ကျွန်တော်

သူငယ်ချင်း တစ်ယောက်က သူ့ Face Book account ကို ဖျက်လိုက်ပြီလို့ အသိပေးပြီး မကြာခင်မှာဘဲ google ရဲ့ buzz အကြောင်းသတင်းတွေ ထွက်လာတယ် .... 
ဒါနဲ့ဘဲ ဒီ Social Networking Site တွေ အကြောင်းကို ပြန်စဉ်းစားလာရတယ် .. buzz ကိုတော့ ပိတ်ထားလိုက်ပါပြီ .. ဒါပေမဲ့ Face Book ကိုပိတ်လိုက်ဘို့က နှမျှောနေတယ်လေ .. ကိုယ်တင်ထားတဲ့ ပြူးတူးပြဲတဲပုံတွေရယ် .. Level 8 ကနေဆက်မကစားဖြစ်တဲ့ မာဖီးယားရယ် .. ပွဲတိုင်းရှုံးနေလို့ စိတ်ကုန်သွားတဲ့ chess ပွဲတွေရယ် ... နောက် ပေါက်ကရ အမြဲ လုပ်နေကြတဲ့ ဘော်ဒါတွေရယ်ကို သံယောဇာဉ် မပြတ်တာနဲ့ဘဲ တော်တော်ကြာသွားတယ် ..

နောက်ဆုံးတော့ ကိုယ့်ကိုယ့် မလုံသလိုဖြစ်လာတာနဲ့ စိတ်တင်းပြီးဘဲ ပိတ်လိုက်ပါပြီ ...
ကိုယ့်ကို ၂၀ရာစု ချောင်လေးထဲဘဲ ပြန်သွားခွေနေတော့မယ် ...



လမ်းခွဲမရှိတဲ့လမ်း

ဂုဏ်ဒြပ်တွေအစုံအလင်နဲ့
ခုံမင်စရာကောင်းလှတဲ့
ပုံပြင်ထဲက အင်ဂျင်နီယာလောင်းရဲ့ဘဝ
ငါငယ်ငယ်က ဖေဖေပြောပြခဲ့တယ်....
(တကယ်အားကျမိပါရဲ့)

အဲဒီအချိန်လောက်ကတည်းက
ကလေးလေးတစ်ယောက်ရဲ့ရင်ထဲ
အာရုံတွေမှာလည်းစွဲလို့
အင်ဂျင်နီယာဆိုတဲ့စိတ်ကူးနဲ့
ကြိတ်ပြီးရူးခဲ့ရတာ
ဆယ်စုနှစ် နှစ်ခုတောင်ကျော်လာပြီ...

သြော်....ခုတော့
လမ်းခွဲမရှိတဲ့လမ်းထဲ
လမ်းလွဲဖို့မှလည်း မဖြစ်တော့ဘဲ
မချစ်တော့လည်း အောင့်ကာနမ်းဆိုသလို
ရောက်ရာစခန်းမှာ
(အခွင့်အခါကောင်းမယ့် တစ်နေ့နေ့ကိုသာ)
စောင့်ကာလွမ်းတော့မယ်.....

ဒီနေရာရောက်ခဲ့မှတော့
ဟို... ရှေ့နားက နောက်ဆုံးမှတ်တိုင်
ကပ်နိုင်အောင်ပဲကြိုးစား
အိမ်မက်တွေ ဝိုးတဝါးနဲ့
ရှေ့တိုးသွားမယ့် ခြေလှမ်းများက
နွေလမ်းမို့ဘဲဖြစ်ဖြစ်
မြေကြမ်းလို့ဘဲဖြစ်ဖြစ်
ရပ်တန့်လိုက်ဖို့တော့ မဖြစ်ဘူး....



သူငယ်ချင်း ကျော်ကြီးရဲ့ ကဗျာလေးပါ .. စာအုပ်တူတူထုတ်ခဲ့ကြတာဆိုတော့ အမှတ်တရပေါ့
ကျော်ကြီးတစ်ယောက်တော့ စက်မှု(၂)မှာ အခွင့်ကောင်းတွေ တွေ့နေလောက်ပြီလိုထင်ပါတယ်

ပျားတုပ်ခြင်း

ရည်ရွယ်တာ ချွေမယ်မဟုတ်ပါဘူး
နေပါစေ ညှာတံထက်မှာ မြဲသလောက်
ကြွေဆင်းမှ ကောက်တော့မယ် အတွေးနှင့်ပါ
ပျိုးသူမှာ ကြိုစိတ်ကူးရင်ရင်း..........

မမြင်ခင် ချွေချင်သူတွေ မဦးအောင်လည်း
မခွာရဲ သည်အပင်နားမှာ
ပွင့်လာစဉ် အရင်နမ်းမယ်ပေါ့
အသာလှမ်း တိုးကပ်စဉ် ....

အား !
ဝတ်ရည်ခိုးစုပ်
ထိုပျားယုတ်က
ငါ့ကို တုပ်ကာ ပြေးလေပြီ...




ကျောင်းတုန်းက ရေးထားတာတွေပါ ... ပြန်ဖတ်ကြည့်တော့ ရီစရာဖြစ်နေပေမဲ့ ပြင်လဲ မပြင်ခြင်ဘူး
ဒါနဲ့ အရင်တိုင်းဘဲ ကူးထည့်လိုက်တယ်။