Pages

Social Networking နှင့် ကျွန်တော်

သူငယ်ချင်း တစ်ယောက်က သူ့ Face Book account ကို ဖျက်လိုက်ပြီလို့ အသိပေးပြီး မကြာခင်မှာဘဲ google ရဲ့ buzz အကြောင်းသတင်းတွေ ထွက်လာတယ် .... 
ဒါနဲ့ဘဲ ဒီ Social Networking Site တွေ အကြောင်းကို ပြန်စဉ်းစားလာရတယ် .. buzz ကိုတော့ ပိတ်ထားလိုက်ပါပြီ .. ဒါပေမဲ့ Face Book ကိုပိတ်လိုက်ဘို့က နှမျှောနေတယ်လေ .. ကိုယ်တင်ထားတဲ့ ပြူးတူးပြဲတဲပုံတွေရယ် .. Level 8 ကနေဆက်မကစားဖြစ်တဲ့ မာဖီးယားရယ် .. ပွဲတိုင်းရှုံးနေလို့ စိတ်ကုန်သွားတဲ့ chess ပွဲတွေရယ် ... နောက် ပေါက်ကရ အမြဲ လုပ်နေကြတဲ့ ဘော်ဒါတွေရယ်ကို သံယောဇာဉ် မပြတ်တာနဲ့ဘဲ တော်တော်ကြာသွားတယ် ..

နောက်ဆုံးတော့ ကိုယ့်ကိုယ့် မလုံသလိုဖြစ်လာတာနဲ့ စိတ်တင်းပြီးဘဲ ပိတ်လိုက်ပါပြီ ...
ကိုယ့်ကို ၂၀ရာစု ချောင်လေးထဲဘဲ ပြန်သွားခွေနေတော့မယ် ...



2 Responses
  1. Angel Shaper Says:

    ဟ....မျက်နှာစာမှာ ပေါက်ကရ ဆော့လို့ရပါသေးတယ်ဟာ။ အရေးကြီးတဲ့အချက်အလက်တွေ မတင်နဲ့ပေါ့။ ငါလဲ Buzz ကို သတင်းရလို့ ခုလေးတင်ပဲ ဖြုတ်လိုက်တာဟ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပျော်ရွှင်ပါစေ ငမင်းရေ...


  2. အယ် မင်းက သူ့ထက်အသက်ကြီးတာကိုများ ငမင်းတဲ့ ခေါ်သွားတယ် အိမ်ကျယ်တော့ နာဒေါ့မယ်
    ဟဟဟ ဝက်က ဒါမျိုး လျင်တယ် သုံးကိုမသုံးတာ ဟားဟားးးးးးး ဒီတော့ ဘာမှမဖြစ် ဟိဟိ