Pages

မြစ်ကျဉ်းအလွန်

ကဗျာမရေးတာ တော်တော် ကြာပြီ... အတိအကျ ပြောရရင် ဒီစင်ကာပူရောက်ကတည်းကဘဲ....
မနေ့က ရုံးထဲမှာ တယောက်ထဲ ကျန်ခဲ့ တဲ့ အချိန် သုံးနေတဲ့ computer က ဒေါင်းသွားတော့ ဘာမှလုပ်စရာလဲ မရှိ
တယောက်ထဲ ဟိုတွေးဒီတွေးနဲ့ ကဗျာတွေ စဉ်းစားမိရင်း ရေးဖြစ်သွားတာ..
အကောင်းကြီးတော့ မဟုတ်ဘူး ကျောင်းတုန်းကလို လှလှပပ လေးတွေ မရေး နိုင်တော့ဘူး...
ဘဝက ဆိုးလိုက်တဲ့ အရောင်တွေလေ..




မြစ်ကျဉ်းအလွန်


အလွမ်းတွေနဲ့ နှောင်ဖွဲ့ရင်း
ဒီ မြစ်ကျဉ်းတခုကို ဖြတ်ကျော်တုန်းပေါ့....
အဆက်စပ်မဲ့ ဒဏ်ရာတွေ တဖွဲဖွဲ ကြွေကျ..
ရသလောက်နဲ့ မတင်းတိမ်နိုင်တဲ့ လူ့ဘဝမှာ
ငါဟာ လေလွင့်ငှက် တကောင်လို...........

ထားခဲ့လိုက်ပါ....
လူသားဆန်ကြောင်းပြဘို့
ဒီ အပ်ကြောင်းထပ် ပြဇာတ်တွေနဲ့တော့ .. မကောက်ကျစ်ချင်တော့ဘူး
ပျဉ်ဘိုးနားလည်ဘို့သက်သက် ဆိုရင်တော့
ငါမသေချင်သေးဘူးကွယ်....

မနေ့က မိုးရွာတယ်
နေတိုင်းတော့ ဘယ်လှပ နိုင်မလဲလေ...
ငါကိုယ်တိုင် ရွေးခဲ့ ပြီးပြီပဲ ...
မင်းပါးလေးကိုပဲ .. တယုတယ (အိမ်မက်ထဲမှာ) နမ်းရှိုက်ရင်း
ဒီအတောင် တစုံကို ပဲမွမ်းမံနေခဲ့တယ်

တနေ့နေ့ အလွန်တနေ့နေ့
ငါ့ အတောင်တွေ သန်စွမ်းလာတဲ့တနေ့
ဒီမြစ်ကျဉ်းကို လွန်မြောက်တဲ့ တနေ့
ငါ့ အိမ်မက် ထဲက တနေ့နေ့
ကောင်မလေးရေ ......
စောင့်ရတာ ပင်ပန်းလွန်းနေရင်
လာနေသူကို နားလည်ပေးပါကွာ..............
.


(170509-1230)

ဒုတိယ အိမ်မက်

ဘလောက်တခု လုပ်ထားပြီးတော့ ဘာရေးရမှန်းမသိဘူး... ရေးဘို့နေနေ သာသာ သူများဘလောက်တွေလို အလှဆင်ဘို့တောင် ဘယ်က စလုပ်ရမှန်းမသိဘူး။
ဘလောက်ရေးနေတဲ့ သူငယ်ချင်းတွေ ကလည်း သူ့အလုပ်နဲ့သူ ဆိုတော့ မေးရမှာ အားနာတာလဲပါတယ် .. .ဖြေရင်လဲ အစအဆုံး ဖြေရမှာလေ....။ ရယ်ဒီမိတ်တွေ ဒီလောက်ပေါတဲ့ ခေတ်မှာ ရယ်ဒီမိတ် အသင့်ရေးရုံ ပြင်ထားတဲ့ ဘလောက်တွေ ရှိရင်ကောင်းမှာဘဲနော် ...။

အင်းးးးးးး .....ဘာရေးရင်ကောင်းမလဲ .... မနိုင်းလို့ ဘာသာပြန်လေးတွေရေးရအောင်လဲ ..ကိုယ်က ကိုယ့်မြန်မာစာတောင် ကောင်းကောင်းရတာမဟုတ်.... ကိုဘွိုင်းဇ်လို နတ်မိမယ်တွေနဲ့ ကစားတဲ့အကြောင်းရေးရအောင်လဲ .. သူတို့လို လပ်ယားလပ်ယား သွားဘို့နေနေသာသာ ပင်နီစူလာတောင် တစ်လတစ်ခေါက် မရောက် ... ငှက်လို ပေါက်ကရတွေ ရေးရင်ကောင်းမလားးး မဖြစ်သေးပါဘူး ကိုယ်က သူ့လိုပေါရဲတာမဟုတ်ဘူးး။

တွေးကြည့်တော့လဲ ဘာရေးရမလဲ ဆိုပြီးကြီးကြီကျယ်ကျယ်သာ လျှောက်ရေးနေတာ ရေးလဲ ဖတ်မဲ့သူရှိမှာမဟုတ်ပါဘူး။ အဲ မနိုင်းစီဘောက်သွားပြီး "ကျနော် လင့်ယူထားပါတယ် ခွင့်ပြုပါ အိမ်လာလည်ပါအုံး" ဆိုပြီး ကြော်ငြာသွားဝင်ရင်တော့ တစ်ယောက် နှစ်ယောက်လောက် မျက်စိလယ်ရောက်လာမယ် ဒီထက်ပိုမှာ မဟုတ်ဘူး
ကင်မရာတလုံး သွားလေရာ ယူသွားပြီး တရုတ်မတွေ လျှောက်ရိုက်ပြီး တင်ရင်ရော... အင်းးး မြူခိုးတို့ စိုင်းတို့ ရောက်လာမလားဘဲ ..ဒါပေမဲ့ ဓါတ်ပုံဘယ်လိုတင်လဲ မသိသေးဘူးရယ် ..ခက်တော့ မခက်လောက်ပါဘူး..

စတင်ခြင်း

ကျွန်တော်ရဲ့ ဒိုင်ယာရီအသစ်လေးတစ်ခု စဖွင့်ခြင်းပါဘဲ ..
ငှက်စုတ် နဲ့ စကားပြောရင်း သူပြောပြလို့ စမ်းလိုက်ပါတယ်