Pages

မြစ်ကျဉ်းအလွန်

ကဗျာမရေးတာ တော်တော် ကြာပြီ... အတိအကျ ပြောရရင် ဒီစင်ကာပူရောက်ကတည်းကဘဲ....
မနေ့က ရုံးထဲမှာ တယောက်ထဲ ကျန်ခဲ့ တဲ့ အချိန် သုံးနေတဲ့ computer က ဒေါင်းသွားတော့ ဘာမှလုပ်စရာလဲ မရှိ
တယောက်ထဲ ဟိုတွေးဒီတွေးနဲ့ ကဗျာတွေ စဉ်းစားမိရင်း ရေးဖြစ်သွားတာ..
အကောင်းကြီးတော့ မဟုတ်ဘူး ကျောင်းတုန်းကလို လှလှပပ လေးတွေ မရေး နိုင်တော့ဘူး...
ဘဝက ဆိုးလိုက်တဲ့ အရောင်တွေလေ..




မြစ်ကျဉ်းအလွန်


အလွမ်းတွေနဲ့ နှောင်ဖွဲ့ရင်း
ဒီ မြစ်ကျဉ်းတခုကို ဖြတ်ကျော်တုန်းပေါ့....
အဆက်စပ်မဲ့ ဒဏ်ရာတွေ တဖွဲဖွဲ ကြွေကျ..
ရသလောက်နဲ့ မတင်းတိမ်နိုင်တဲ့ လူ့ဘဝမှာ
ငါဟာ လေလွင့်ငှက် တကောင်လို...........

ထားခဲ့လိုက်ပါ....
လူသားဆန်ကြောင်းပြဘို့
ဒီ အပ်ကြောင်းထပ် ပြဇာတ်တွေနဲ့တော့ .. မကောက်ကျစ်ချင်တော့ဘူး
ပျဉ်ဘိုးနားလည်ဘို့သက်သက် ဆိုရင်တော့
ငါမသေချင်သေးဘူးကွယ်....

မနေ့က မိုးရွာတယ်
နေတိုင်းတော့ ဘယ်လှပ နိုင်မလဲလေ...
ငါကိုယ်တိုင် ရွေးခဲ့ ပြီးပြီပဲ ...
မင်းပါးလေးကိုပဲ .. တယုတယ (အိမ်မက်ထဲမှာ) နမ်းရှိုက်ရင်း
ဒီအတောင် တစုံကို ပဲမွမ်းမံနေခဲ့တယ်

တနေ့နေ့ အလွန်တနေ့နေ့
ငါ့ အတောင်တွေ သန်စွမ်းလာတဲ့တနေ့
ဒီမြစ်ကျဉ်းကို လွန်မြောက်တဲ့ တနေ့
ငါ့ အိမ်မက် ထဲက တနေ့နေ့
ကောင်မလေးရေ ......
စောင့်ရတာ ပင်ပန်းလွန်းနေရင်
လာနေသူကို နားလည်ပေးပါကွာ..............
.


(170509-1230)
4 Responses
  1. အလဲ့ တယ်ဆိုတဲ့ စာပါလား မင်းရေ ခိခိ

    ကောင်းတယ် စိတ်ပျက်ဖို့ အဲလေ ယောင်လို့ အဟီးးး အဟုတ်ကောင်းပါတယ် ကဗျာလေးက ဆက်လုပ်ရဲဘော အားပေးလျှက်ပါ


  2. maylay Says:

    မင်း မြစ်ကျဉ်း မဟုတ်ဘူးလား။ နောက်ပြီး (ပြဇာတ်).(ပျဉ်ဖိုး).(ငါ့အတောင်).ပြီးတော့ စာအဆုံးတွေမှာ ဘဲ မသုံးဘဲနဲ့ ပဲ လို့ ပြောင်းသုံးကြည့်ပါလား။(ရွေးခဲ့ပြဲီးပြီပဲ). (မင်းပါးလေးကိုပဲ) အဲဒါလေးတွေပဲ နည်းနည်းလေးပြင်ရုံနော်။ ငါ ဆရာလုပ်တာ မဟုတ်ဘူး။ ကဗျာက မိုက်တယ် ဟေ့ရောင် ဆက်လုပ် ရဲဘော်


  3. မင်း Says:

    ကျေးဇူး မေလေးး ငါက မြန်မာစာညံတယ်.. တခြားတော်တာလဲ မရှိဘူးးး
    ငှက်ရေ ငါလဲ တော်တော် မအားနေလို့ဟ ဘာမှ မပြင်ရဘူးးးး


  4. Unknown Says:
    This comment has been removed by the author.