Pages

ဘုရားဖူး ခရီး








ဒီနေ့တော့ ဘုရားဖူး ထွက်ကြတာပေါ့.... ။




ကျိုက္ခမီ ရေလယ် ဘုရားပါ












ကျိုက္ခမီ ရေလယ်ဘုရား နှင့် ပတ်ဝန်းကျင် ရှုခင်းများပါ.... ဘုရားပေါ်ကနေ ပတ်ဝန်းကျင် အနှံ ဓါတ်ပုံတွေ ရိုက်ခဲ့ပေမဲ့ ဘုရားပုံ ရိုက်ခဲ့ဘို့မေ့ခဲ့တယ်။ ကဲ ...ကျိုက်ထီးရိုးကို ဆက်သွားကြတာပေါ့။



ကျိုက်ထီးရိုးတောင်တက်လမ်းက ကားတွေ ခဏနားတဲ့ ရေတံခွန်မြောင်
ပုံထဲမှာပါတဲ့ ကိုရင်လေးတွေကတော့ ဓါတ်ပုံရိုက်လိုက်မှန်းတောင် သိမှာမဟုတ်ဘူး။










 

 


ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်ခဲ့ပါပြီ.... ဘယ်နှစ်ကြိမ် ဖူးဖူး ဘယ်နှစ်ခါရောက်ရောက် မဝသွား မရိုးသွားတဲ့ နေရာပါ။ ကြည့်လို့မဝနိုင်တဲ့ သဘာဝ ရှုခင်းတွေဟာ သန်းပေါင်းများစွာ အကုန်ခံဖန်တီးထားတဲ့ လူလုပ် Sentosa လို နေရာမျိုးနဲ့ မလဲနိုင်ပါဘူး။ တန်ဘိုးခြင်းလဲ ကွာပါတယ်။







 



ညနေစောင်းရဲ့အလှ စေတီတော်ရဲ့သပ္ပယ်မှုနဲ့ အတူ ကျနော်ရဲ့ အရုပ်လေးပါ။(သူဖတ်မိမှာ မဟုတ်လို့တင်ရဲတာပါ)



တောင်ပေါ်က ပြန်ဆင်းပါပြီ... ။ ဒီလိုကား ဒီလိုလမ်းကို ဒီလောက်လူအများကြီးနဲ့ ဆင်းတာ အန္တရယ်မကင်းဘူးလို့ ထင်တယ်။ (ကြီးကျယ်သလိုများဖြစ်သွားမလား.းD)

ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကတော့ မနည်းပါဘူး အဲဒီအထဲမှာ ကိုယ့်ပုံကိုပြန်ရိုက်တာ သုံးလေးပုံဘဲ ရှိတယ် နောက်ပြီး တချို့ပုံတွေက အပျော်သဘော ရိုက်ထားတော့ တင်လို့ မကောင်းဘူးထင်လို့ပါ..။ များများစားစား လာကြည့်ကြမှာ မဟုတ်မှန်း သိပေမဲ့ လာကြည့်တဲ့ လူအနည်းစုလေးကို တော့အမြင်ကပ်အောင် မလုပ်ခြင်ဘူးလေး)
ဘုရားပေါ်ရောက် တဲ့နေက မိုးရွာပြီး မြူတွေလဲ ကျနေတော့ တချို့ ဓါတ်ပုံတွေက မကြည်ဘူး ဖြစ်နေတယ်... အဲဒါဘဲ မြူဆိုရင် မိုးမြူလဲ မကောင်းဘူး ဆောင်မြူလဲ မကောင်းဘူး... တကယ်ဘဲ..။

ကဲ တော်ပြီကွယ် နောက်နေ့တွေမှဘဲ ရန်ကုန်မှာ ရိုက်ထားတဲ့ ပုံတွေ တင်မလားလို့ အိပ်ပြီ။

မွန်ပြည်နယ် ခရီးစဉ်






မနက် စောစော မော်လမြိုင်သို့အဝင်
(ဓါတ်ပုံရိုက်လို့ ပြဿနာ ရှာခံရတဲ့နေရာ)





နှင်းတွေကြားက ကျိုက်သံလံ စေတီတော် (တောင်ပေါ်တန်း၊မော်လမြိုင်)





နည်းပညာသက္ကသိုလ် (မော်လမြိုင်)









မော်လမြိုင်မြို့ရူခင်း (မေလေးအတွက်)



 


ဒါကတော့ ရွှေနတ်တောင်ဆည်ပါ ... ကိုယ်နိုင်ငံမက အလှတွေကို အဝေးရောက်နေမှ ပိုခံစားမိပါတယ်။ အရင်က နေတိုင်းဖြတ်သွားဖြတ်လာလုပ်နေပေမဲ့ သတိမထားမိဘူး..





 

 


 သံဖြှူဇရပ် မဟာမိတ်စစ်သင်္ချိုင်း (ဆောင်မြူခိုးနဲ့ ဘောလုံးကို သွားရှာတာပါ)
ဓါတ်ပုံထဲက ကောင်မလေးကို ဘယ်သူလဲ မမေးနဲ့နော် ငှက်



ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေက များတော့ ဘယ်ပုံကို တင်ရမှန်းမသိဘူး.. ကောင်းနိုးရာရာလေးတွေကို သုံးရက်လောက် ခွဲတင်ရမယ်ထင်တယ်။ အဓိကသွားခဲ့တာတော့ မော်လမြိုင် ကျိုက်ခမီ ကျိုက်ထီးရိုး တို့ကိုပါ နောက်နေ့မှ ကျိုက်ခမီနဲ့ ကျိုက်ထီးရိုး သွားတဲ့ပုံတွေ တင်တော့မယ်။ငှက်လေးရေ အဲဒီအခါမှ နင်ကြည့်ခြင်တဲ့ ပုံတွေကြည့်တော့။




ကြီးကျယ်ခြင်း

ဘယ်ကစရေးရမှန်း မသိဘူးးးး 
မရောက်တာကြာပြီဖြစ်တဲ့ ဘာမှမပြောင်းလဲတဲ့ အရာအားလုံး ဟောင်းနွမ်းနေတဲ့ မြန်မာပြည်က ပြန်ရောက်လာခဲ့ပြီ.. ဘာဘဲဖြစ်ဖြစ် ပျော်ခဲ့ပါတယ် .. ကိုယ့်နိုင်ငံ ကိုပြန်ရောက်မှ ဘယ်သူတွေမှန်းမသိတဲ့သူတွေရဲ့ ဘာကြောင့်မှန်းမသိဘဲ ဟောက်ခံရတာတွေ... အားလုံးတူညီတဲ့ ဘာသာစကားကို ပြောရင်း ဘာပြောနေကြမှန်းမသိဘဲ နားမလည်ခဲ့တာတွေ.... မှုန်ဝါးဝါး မီးရောင်တွေ... မျဉ်းကြားမရှိတဲ့ လမ်းတွေမှာ လမ်းကူးရတာတွေ.. လူကိုယ်တိုင် ရောက်နေပါရဲ့ မှတ်ပုံတင်ပြခိုင်းတာတွေ.. နောက် တချို့တချို့သော လွဲချော်မှုတွေ ရှိနေသိတိုင် ကျနော် ပျော်ခဲ့ပါတယ်။

နိုင်ငံခြားမှာ နေလို့ကြီးကျယ်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ကျနော် မငြင်းတော့ပါဘူး။ အမှန်တကယ်ဘဲ ကျနော် ကြီးကျယ်သွားခဲ့တယ် ထင်ပါတယ်...။ နေ့ခင်းကြောင်တောင် လသာ လမ်းမပေါ်မှာ(ပလက်ဖေါင်းပေါ်မဟုတ်) လက်ဖက်ရည်ထိုင်သောက်ဘို့ မရဲတော့တာ... တံခါးအလုံပိတ်ထားတဲ့ အဲကွန်းမဖွင့်တဲ့ ဘတ်စ်ကားကို မစီးနိုင်ခဲ့တာ... အအေးခန်း စားသောက်ဆိုင်ထဲမှာ ဆေးလိပ်သောက်ဘို့ မရဲတော့တာတွေကြောင့် ကျနော် ကြီးကျယ်သွားတယ် ဆိုရင်တော့ နေပါစေတော့..။

ဒါကတော့ မင်း ရဲ့ ရောက်ရောက်ခြင်းလက်ဆော့မှုပါ.. မနက်ဖြန်မှ အကြွားပို့စ်တွေ တင်တော့မယ်

ခွင့်တင်ခြင်း

ဘလောက်လေး တစ်ခုရေးမလားလို့ လုပ်ပြီးမှ ရှုပ်လိုက်တဲ့ အလုပ်တွေ ဆမ်းဒေးတောင် ချာချာလည်နေတယ် .. စရေးစက မျက်စိလည်ရောက်လာတဲ့ သူငယ်ချင်းတွေလဲ မေ့မေ့ပျောက်ပျောက်တောင် ဖြစ်သွားလောက်ရောပေါ့.. ဘာဘဲဖြစ်ဖြစ် ကိုယ်လုပ်ထားတဲ့ ဒီဘလောက်လေးကိုတော့ ဖျက်ပစ်လိုက်ဘို့ ဆန္ဒတော့ မရှိပါဘူးးးးး။ နောက်တခုက ကိုယ်က ခွင့်ရက်ရှည်ယူဘို့ရှိနေတော့ လက်ကျန်အလုပ်တွေ လက်စသတ်နေရတာလဲ ပါတယ်လေ .. ခွင့်ကပြန်လာမှဘဲ ကုန်ကြမ်းတွေ အပြည့်သယ်လာပြီး တဝကြီးရေးတော့မလားလို့... ။

Misslile and Rocket

ဒီပို့စ်ကိုမရေးခင် ဘာကြောင့် ဒီအကြောင်းရေးဖြစ်သွားလဲဆိုတာ အရင်ရေးရမယ်ဆိုရင် ဟို ငှက်စုတ် ရဲ့ဘလောက်ကို ရောက်သွားရာက စရမယ်ထင်တယ်.... အပြောင်းလဲများတဲ့ ငှက်တကောင်ရဲ့ ဘလောက်လဲရောက်သွားရော (အလုပ်မရှိလို့ ထင်ပါတယ်) ဘာလောက်နံမည်ရော တမ်းပလိတ်ပါ ပြောင်းထားတယ်လေ ဘာတဲ့ စက်တင်ဘာရဲ့ကောင်းကင် ဆိုဘဲ .. ဒီနံမည်မျိုးကြားဘူးပါတယ်လို့ထင်တာနဲ့ စဉ်းစားနေတာ ဘယ်ဟုတ်မလဲ ကြည့်ဘူးတဲ့ ရုပ်ရှင်ကားတစ်ကားကို စွဲနေတာကိုးးးး ဇတ်ကားနံမည်က October Sky ပါ (ဘာမှလဲမဆိုင်ဘူးနော်) အမေရိကန် ချာတိတ်တယောက်က ဒုံပျံလုပ်ဘို့ ကျိုးစားတဲ့ အကြောင်းပါ ဇတ်ကားက ကောင်းပါတယ် (ကြည့်ချင်ရင်တော့ ကိုယ့်ကိုယ် ရှာကြည့်ကြ)..... အင်ဒရိုတောင် တော်တော် ရှည်သွားပြီ။
အင်္ဂလိပ် စာတွေကို မြန်မာမှုပြုရာမှာ တချို့စကားလုံးတွေဟာ ပိုပြီး ခေါ်ရခက်သွားတာမျိုး ရှုပ်ထွေးသွားတာမျိုး တွေ့ရတယ် အခုရေးချင်တာက မြန်မာစာပေအကြောင်းမဟုတ်ပါဘူး... မြန်မာမှုပြုရာမှာ ရှုပ်နေတဲ့ ဒုံးပျံ ဒုံးကျဉ် အကြောင်းပါ ... ဘာကွာလဲလို့မေးရင် မသိဘူးလို့ဘဲဖြေရမှာဘဲ ဒါပေမဲ့ ကိုယ်ထင်ရာတော့ ရေးလိုက်ပြီ ... အမှားပါရင် ထောက်ပြကြပါလို့။
အရင်ဆုံး Rocket အကြောင်းရေးချင်တယ် .. မြန်မာလိုတော့ ဒုံးပျံလို့ခေါ်တယ် ထင်တယ်။ Rocket လို့ပြောရင် အကုန်ပါတယ် ဒုံးကျဉ် (Missile) အာကသယာဉ် နောက် aircraft  မီးရှုးပန်း အဲဒါတွေပေါ့..  Rocket ဟာ မီးလောင်ခန်း (combustion chamber) ထဲမှာ လောင်စာတွေကို လောင်ကျွမ်းစေပြီ လောင်ကျွမ်းမှုကြောင့် ရလာတဲ့ အပူတွေဟာ အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ expansion nozzle ကိုဖြတ်သွားပြီး ကြီးမားတဲ့တွန်းကန်အား(Thrust)တွေ ဖြစ်လာပါတယ်။ Rocket တွေကို အဓိကသုံးတာကတော့ ဂြိုလ်တုတွေ အာကာသယာဉ်တွေ လွတ်တင်ရမှာဖြစ်ပါတယ်။ Rocket တွေဟာ လောင်စာအမြောက်အများကို သိုလှေင်ထားတဲ့ ကန်တွေလိုပါဘဲ ဒါကြောင့် အလွန်အန္တရယ်များပါတယ် နည်းပညာတိုးတက်ပါတယ်ဆိုတဲ့ US လိုနိုင်ငံမှာတောင် Challenger လွန်းပျံယာဉ် ပျက်ကျခဲ့တာ Rocket ပြသနာကြောင့်ပါ။




Saturn Rocket ( ကမ္ဘာမှာ အကြီးဆုံးဒုံးပျံပါ အမေရိကန်တွေ အပိုလိုစီမံကိန်းမှာ သုံးခဲ့တာပါ)
သမိုင်းမှာ Rocket ရယ်လို့စခဲ့တာ တရုတ်တွေပါ ယမ်းမုန့်သုံးပြီး မီးရှုးပန်းတွေ အနေနဲ့လုပ်ခဲ့ကြတာပါ။ ပထမဆုံး ခေတ်မှီ Rocket ဖြစ်တဲ့ V-2 ကိုတော့ ဂျာမန်တွေက  ၁၉၄၃ မှာ စတင် သုံးစွဲခဲ့တယ်။မျက်မှောက်ကလမှာတော့ Rocket နည်းပညာဟာ သိပ်အထူးအဆန်းကြီး မဟုတ်တော့ပါဘူး။
Missile ကတော့ စစ်ဘက်မှာဘဲ လက်နက်အဖြစ် သုံးတယ် အမျိုးအစားတွေကတော့ တော်တော်များတယ်။ Missile အတွက်လိုအပ်တဲ့တွန်းအားကိုတော့  Rocket ဒါမှမဟုတ် Jet Engine အသုံးပြုပြီးရပါတယ်။ အမျိုးအစားတွေ များလွန်းတော့တခုချင်းလိုက်ရေးနေရင် ဝထ္ထုတစ်အုပ်လောက် ဖြစ်သွားလိမ့်မယ်။ ရေးလို့ကောင်းတာလေးဘဲ ရေးလိုက်တော့မယ်။


ဘဘ တွေလိုချင်နေတယ်ဆိုတဲ့ scud missile

Tomahawk cruise missile

 
Cruise Missile ကိုအင်တာနက်မှာ ရှာကြည့်တော့ guided missile လို့ရေးထားတာ တွေ့ရတယ်။ မြန်မာလိုဆိုရင်တော့ ပဲ့ထိန်းဒုံးကျဉ် ပေါ့။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက V-1 ဆိုပြီး စတင်ခဲ့တဲ့ ဒီလက်နက်ဟာ အခုအခါမှာ အလွန်ပေါ်ပြူလာဖြစ်နေတဲ့ လက်နက်တမျိုးပေါ့ .. .ပင်လယ်ကွေ့စစ်ပွဲမှာ အီရတ်ကို ဆော်တုန်းက အမေရိကန်တွေ ကောင်းကောင်းသုံးခဲ့တဲ့ လက်နက်ပါ။ ဘာနဲ့တူလဲဆိုရင် အခုတွင်တွင်ကျယ်ကျယ် သုံးလာတဲ့ မောင်းသူမဲ့ လေယာဉ်တွေ လိုပါဘဲ ဒီ missile က .. ကွာတာက တခါသုံးဘဲ ပစ်ပြီးရင် ပြီးပြီ။ ပစ်မှတ်ကို မပစ်ချင်တော့ရင်တောင် ပြန်ခေါ်လို့မရဘူး(ခေါ်ချင်လဲခေါ်ပေါ့) ဖျက်ဆီးပြစ် ဖေါက်ခွဲပြစ် ဒါဘဲ။
တခြားအမျိုးစားတွေလဲ အများကြီးဘဲ ဒီလူသတ်လက်နက်တွေ အကြောင်းရေးရတာ ကောင်းတော့မကောင်းဘူးထင်တယ်။ နောက်နေ့တွေမှ တဖြေးဖြေးဆက်ရေးတော့မယ်။ငှက် စတဲ့ အရှုပ်လေ။ ကြုံတုန်းပြောရင် မင်း လဲ Rocket လုပ်ဘူးတယ် မီးရှုးပန်းလေ ငယ်ငယ်က ၆ တန်းလောက်ကထင်တယ် နောက်ပိုင်းလူကြီးတွေ သိသွားလို့ပေါ့ နို့မို့ဆို မင်း တို့အဖွဲ့ အခုလောက်ဆို ကမ္ဘာကျော်နေပြီထင်တယ်း) 

ကျွန်ုပ်၏ရှင်သန်မှု









ပင်လယ်လို အိမ်မက်တပွေ့တပိုက်နဲ့
နေ့ည ပျံသန်းခဲ့ စဉ်က
အလှဆုံး ဒီဆည်းဆာတွေမှာ ခံစားရင်း
ငါဟာ ငှက်တကောင်လို...

မိုင်ရာထောင် မျော်လင့်ချက်တွေ ရဲ့တဘက်
တစ်ကောင်တလေစားရမလား..လို့
ငါ ချကျွေးခဲ့သော ကျားပေါင်းများစွာ...
center line မှာ လမ်းပျောက်ခဲ့သူပါ
မနက်ဖြန်ဆိုတာကလဲ ...
မနေ့ကထက် ဘာပိုထူးအုံးမှာလဲ

စတေးပစ်လိုက်စမ်း
ဝေးသထက် ဝေးလာနေတဲ့ ကမ်းခြေအိမ်မက်ထက်
နေမထွက်တဲ့ မနက်ခင်း စစ်စစ်တွေထဲ
အသက် တစ်ရက်ထပ်ကြီးဘို့
ကော်ဖီတစ်ခွက် ထပ်သောက်ရအုံးမယ်
အချစ်အကြောင်းထက် မင်းရောဘာပြောနိုင်လို့လဲ
သစ္စာဖေါက် အတွက်ကျတဲ့မျက်ရည်
ချစ်သူတွေမှာပဲရှိတယ်

ပြီးဆုံးလိုက်ပါတော့
ဆွေးမြေ့နေတဲ့ ဒိုင်ယာရီ တစ်အုပ်စာ မနိုင်ဝန်တွေ ထမ်းရင်း
အသက်ရှင်ခြင်းမှာ ရှင်သန်ဆဲ လမ်း
နောက်တခန်းအတွက် ငါကရအုံးမယ်.....


၁၀၀၉၀၉
ရေးချင်ရာရေးလိုက်ပြီ..  ဖတ်ချင်တဲ့သူဖတ်ပါ  
ဓါတ်ပုံကို ဘယ်ဘလောက် ဘယ်ဆိုဒ် ကမှ မကူး၍ လင့်ထည့်စရာမရှိပါ


ကိုး

ကိုးရက် ကိုးလ မှာ အငဲ ရဲ့ကိုးခွေမြောက် ကိုး အယ်လဘမ် ထွက်လာပါပြီ.. ၂၀၀၆ က ဇစ်မြစ်ထွက်ပြီးကတည်းက ပျောက်ချက်သားကောင်းနေပြီး အခု.... သီချင်းသစ်တွေကို ကိုယ်ပိုင်သံဇဉ် တွေနဲ့ ထွက်လာတဲ့ ဒီ အယ်လဘမ်ဟာ လေးဖြူ ရဲ့ BOB လိုဘဲ ပေါက်အုံးမှာပါ... ကူးခွေ ဗိုင်းရပ်ကိုက် လို့ ယဲ့ယဲ့ဘဲ ကျန်တော့တဲ့ မြန်မာ ဂီတ လောကမှာ တောင့်တောင့်တင်းဆက်ရပ်နေနိုင်တာ ဆိုလို့ IC အဖွဲ့သားတွေဘဲ ကျန်တော့တယ်.. ဒါဟာလဲ သူတို့ရဲ့ ဖန်တီးနိုင်မှုက ပရိတ်သတ်တွေ အတွက် တန်ဘိုးထားလောက်အောင် အဘက်ဘက်က ကောင်းမွန်နေလို့ပါ...




လေးဖြူ အငဲ နဲ့ မျိုးကြီး သူတို့တွေ ရဲ့ခွေတိုင်း အော်ရီဂျင်နယ်ခွေဘဲ ဝယ်ပါတယ်.. အမှတ်တရဆိုတာထက် သူတို့ရဲ့ ဖန်တီးမှုကို အသိအမှတ်ပြုတဲ့ သဘောပါ.. ငါးပွက်ရာ အစာချနေကြတဲ့ အမျိုးမျိုးသော ခေါင်းစဉ်တွေတပ်ထားတဲ့ Live show တွေနဲ့ ကင်းကင်းနေ နေတာကဘဲ သူတို့ရဲ့ သီချင်းတွေ ပိုတန်ဘိုးတက်လာတယ် ထင်ပါတယ်

အခုထွက်လာတဲ့ ကိုး အယ်လဘမ်မှာ သီချင်း ၁၂ ပုဒ်ပါပါတယ် လောလောဆယ် CD ဝယ်မရသေးလို့ download ပြီးနားထောင်ထားတယ်.. သီချင်းတွေက..
၁။ ငရဲတစ်ပိုင်း (လင်းလင်း)
၂။ အိမ် (မောင်မောင်ဇော်လတ်)
၃။ ငါ့စိတ်နဲ့ငါ (နောနော်)
၎။ ငါသေနိုင်တယ် (မီဂျူး)
၅။ မယုံနိုင်ဘူး (နောနော်)
၆။ အမှတ်တရဒဏ်ရာ (ဖိုးဇော်)
၇။ ဗျူဟာ (နောနော်)
၈။ မီးမရှို့နဲ့ (မောင်မောင်ဇော်လတ်)
၉။ အိမ်မက်ပုံပြင် (လင်းလင်း)
၁၀။ မုဆိုး (လင်းလင်း)
၁၁။ နောက်ဆုံးမိနစ် (မောင်မောင်ဇော်လတ်)
၁၂။ ကြိုတင်ကြံစည်မှု (နောနော်).. 

ဘယ်သီချင်းတွေ ကောင်းလဲ မေးရင် အားလုံးကောင်းတယ်လို့ဘဲ ပြောရမှာပါ... စင်ပေါ်တက်ပြီး တယောက်ကို တယောက်ဆဲနေတဲ့ hip hot တွေနားထောင်ရတာထက်စာရင် အများကြီး အဆင့်ရှိပါတယ် ရင်နဲ့ အထိဆုံးတပုဒ်က နောနော် ရေးတဲ့ ငါ့စိတ်နဲ့ငါ ပါ .. 








အငဲ ထွက်ခဲ့သမျှ ခွေတွေကတော့ (၁) ဝိညာဉ်များနှင့် ကခုန်ခြင်း၊ (၂) ဆာဟာရ၊ (၃) စိတ်ရွက်လှေ၊ (၄) Unplugged၊ (၅) သီချင်းများရဲ့ ဒဏ္ဍာရီ၊ (၆) ဆဋ္ဌမအာရုံ၊ (၇) ခုနှစ်ထွေအကနှင့် (၈) ဇစ်မြစ် တို့ ဖြစ်သည်။  လေးဖြူ၊ မျိုးကြီးတို့နှင့် တွဲဖက်၍ သက္ကရာဇ် ၂ဝဝဝ တွင် ရာစုသစ်၊ ၂ဝဝ၇ ခုနှစ်တွင် LMN ဆိုတဲ့ ခွေတွေလဲ ဆိုခဲ့ပါတယ်။





လင့်တော့ ထည့်မထားတော့ဘူး လိုချင်ရင် ကိုယ်ကိုရှာကြည့်တော့..

ဓါတ်ပုံလေးတွေ......

ဓါတ်ပုံလေးတွေ တင်မလားလို့ အခုတလော စာရေးရတာ သိပ်အာရုံမလာဘူးဖြစ်နေတယ် ဘာဖြစ်နေမှန်းမသိဘူး ရေးလဲ ပေါက်ကရတွေ ဘဲထွက်လာမှာဘဲ ဒါကြောင့်ပေါ့ပေါ့ပါးပါးလေး ဘဲလုပ်တော့မယ်






တောက်မဲ့ မီးခဲလေးတွေလေ ...


 
မငိုပါနဲ့ဟာ နင်ကလဲ ငါနောက်မလုပ်တော့ပါဘူးဟ .. 


..ငါ့သားတယောက် ဘယ်ရောက်သွားပါလိမ့်..


 
 အဖေ လုပ်သူက chatting ဝင်နေချိန် အလိုက်သိတဲ့ သမီးလေးက ဒီလိုလေး .. 

ဒီလို ကလေးမျိုးသားရထားရင် ဆေးခန်းနဲ့ နီးတဲ့နေရာမှာနေတာ ပိုကောင်းမယ်နော်




 ဒီပုံလေးကိုတော့ ဘယ်က ကူးထားမိလဲ မမှတ်မိတော့ဘူးးး




ဒါကတော့ ခွေးချစ်တဲ့ မမ လေ

က ကာ ကား

BMW ရဲ့ 2010 အတွက် Vision EfficientDynamics Concept ကားပါ....။








စာမရေးချင်ဘူးး ပျင်းနေတယ်

ရင်းနှီးဘူးသော ဗိုလ်ချုပ်များ

ကျွန်တော် မင်း လဲ မြန်မာပြည်မှ နေတုန်းက ဗိုလ်ချုပ်တော်တော်များများကို သိပါတယ် .... ဒါကြောင့် မတွေ့တာကြာတဲ့ သူတို့အကြောင်းလေး အမှတ်တရ ရေးမလားလို့ပါ...။

General ဆိုရင်မြန်မာပြည်မှာ ကွန်ပြူတာ ဂိမ်းဆော့ဘူးသူတိုင်းသိပါတယ်...ဂိမ်းက Real time strategy game အမျိုးစားပါ Electronic Art က ၂၀၀၃ ခုနှစ်မှာ Window platform အတွက် စတင်မိတ်ဆက်ခဲ့ တယ်။ စစထွက်ချင်း ဒီဂိမ်းမှာ US တရုတ် နဲ့ GLA လို့ခေါ်တဲ့ Global Liberation Army ဆိုပြီး တပ် သုံးတပ်ဘဲ ပါဝင်ခဲ့တယ် .. GLA ကတော့ အာရပ် အကြမ်းဖက်သမား တွေပေါ့ ..ဂိမ်းထဲမှာလူကြမ်းနေရာမှာ သုံးထားတယ်.... လေတပ် အားသာတဲ့ US မြေပြင်တပ်အားသာတဲ့ တရုတ်နဲ့ ပျောက်ကြားစစ်   ကစားလိုသူတွေ အတွက် GLA စသဖြင့် ကိုယ်စိတ်ကြိုက် ရွှေးကစားလို့ရတယ်။



နောက်ပိုင်း Command & Conquer Generals Zero Hour ဆိုပြီး expansion park ထွက်လာပါတယ်  Zero Hour မှာတော့ တပ်တွေ  ပိုစုံပြီး လက်နက်တွေလဲ ပိုကောင်းလာပါတယ် US ဘက်မှာ ရိုးရိုး တပ်အပြင် ဖျက်အားပြင်း လက်နက်တွေ သုံးတဲ့ General Alexis Alexander ရဲ့တပ် General Malcolm Granger ရဲ့လေတပ် နဲ့ General Townes ရဲ့ တင့်ကားတပ်တွေ ပိုလာတယ် .. ဒီတပ်တွေထဲမှာ လေတပ်ကို လူကြိုက် အများဆုံးဖြစ်တယ် .. Zero Hour Reborn မှာဆိုရင် US လေတပ်ရင် နိုင်ဘို့သေချာသလောက် ဖြစ်ပါတယ် ..LAN ချိတ် ကစားကြရင်ပေါ့.. ကျနော်တော့ မကြိုက်ပါဘူး လေယာဉ်တွေက ဈေးကြီးလို့ပါ။ US ရဲ့ Super Weapon ကတော့ Particle Uplink Cannon ပါ။

အမေရိကန်ဗိုလ်ချုပ်များဖြစ်တဲ့ Granger, Alexander နဲ့ Townes


ကျနော်ကြိုက်တဲ့တပ်ကတော့ တရုတ်တပ်ထဲက အသစ်ပါဝင်လာတဲ့ General Ta Hun Kwai ရဲ့ တင့်ကားတပ် ဖြစ်ပါတယ်.. ဒီတပ်ဟာ ကိုင်တတ်ရင် တအားအစွမ်းထက်တဲ့တပ်ပါ .. Zero Hour Reborn မှာတော့ China Artillery General ဆိုပြီးပြောင်းသွားပါတယ် .. ကျနော် ဒီတပ်နဲ့ကစားရရင် ပြိုင်ဘက် ၃ ယောက်လောက် အသာလေး အနိုင်ယူနိုင်ပါတယ် .. Computer နဲ့ကစားရင်တော့ Over Load Tank ၃ စီးလောက်ကို upgrage အစုံယူပြီးလွတ်လိုက်ရင်ဘဲ Heard Level တပ်တစ်တပ်လောက် ကိုခြေလို့ရတယ်။ ကျန်တဲ့ General Tsing Shi Tao ရဲ့ နယူးကလီးယားတပ် General Shin Fai ရဲ့ခြေလျှင်တပ်တွေ တို့ကလည်း Zero Hour မှာမှ အသစ်ပါလာတဲ့ တပ်တွေပါ။ ဒီတပ်တွေလည်း သူဟာနဲ့သူ စွမ်းပါတယ် .. US တပ်တွေ ထက်သာတာက ခံစစ်စနစ်ဘဲ US နဲ့ GLA  က Patriot missile နဲ့ RPG ကိုသုံးတော့ ခြေလျှင်တပ်တွေကို သိပ်မထိရောက်ဘူး နောက် US တပ်က လေယာဉ်တွေ အားလုံးက missile defense system တွေတပ်ဆင်လို့ရတော့ လေယာဉ်တစ်စင်းကျဘို့ တော်တော် ပစ်ယူရတယ် တရုတ်ကတော့ missile အစား စက်သေနတ်ကို သုံးတော့ ခြေလျှင်တပ်တွေ ကိုရော လယာဉ်တွေကိုပါ အသာလေးရှင်းနိုင်တယ်လေ။ တရုတ်တွေရဲ့ Super Weapon က နယူးကလီယားပါ သူကိုရဘို့ စောင့်ရတဲ့ အချိန်က တခြားတပ်တွေနဲ့ ယှဉ်ရင် အကြာဆုံးဘဲ။


 တရုတ်ဗိုလ်ချုပ် Leang နဲ့ ShinFai

General Leang ကတော့  Zero Hour မှာ Challenge ကစားရင် နောက်ဆုံး ရင်ဆိုင်ရတဲ့ ဗိုလ်ချုပ်ပါ အလွန်းစွမ်းပါတယ် သူကိုနိုင်ရင်တော့ Zero Hour ပြီးပါပြီ...။ Design ကတော့ လန်းတယ်နော် Sexy မကျဘူးလား။
 သူတို့ကတော့ တင့်ကားဗိုလ်ချုပ် HunKwai နဲ့ နယူးကလီးယား ShiTao
နောက် တပ်ဖြစ်တဲ့ GLA တပ်ကိုတော့ ကျနော် သိပ်မကြိုက်ဘူး သူကိုယူပြီး တိုက်ရင် အချိန်ဆွဲလို့မရပါဘူး ရန်သူကို မြန်မြန်ပွဲသိမ်းအောင် တိုက်ရတယ် ကြာလာလေ တခြားတပ်တွေ ပိုအစွမ်းထက်လာချိန်မှာ GLA က ဒုံရင်းဒုံရင်းပါဘဲ promotion တွေကလဲ သိပ်မထိရောက်ဘူး ဒါကြောင့် ကျနော် GLA ရရင် အချိန်မဖြုန်းဘဲ .. အနိုင်တိုက်တာ မဟုတ်ပါဘူးး ဆက်မကစားဘဲ အရှုံးပေးပြီး နောက်တစ်ပွဲ အသစ်ပြန်စလိုက်တယ် GLA မှာလဲဘဲ အဆိပ်တပ် လို့အလွယ်ခေါ်တဲ့ Dr.Thrax ရဲ့တပ် Prince Kassad ရဲ့ ကိုယ်ပြောက်တပ်နဲ့ General Juhziz ရဲ့ အကြမ်းဖက် အဖွဲ့တွေတိုးလာတယ် သေချာ မကစားဘူးတော့ ဘယ်တပ် ပိုကောင်းလဲတော့ မပြောတတ်ဘူး GLA ရဲ့ Super Weapon က Scud Storm ပါ Scud Rocket တွေကို အတွဲလိုက် မြေပုံရဲ့ ဘယ်နေရာ မဆို လှမ်းပစ်နိုင်တယ်။
Dr.Thrax, Kassad နဲ့ Juhziz

တကယ်တော့ General ဂိမ်းဟာ အခုလောက်ဆို ဆော့တဲ့သူ တော်တော်နည်းသွားလောက်ပါပြီ ဒီကိုထွက်မလာခင်ကတည်းက EA ကနေ Command & Conquer စီးရီးအသစ်ဖြစ်တဲ့ Tiberium Wars ကို ဖြန့်ခဲ့တယ် နောက် ပိုင်း နံမည်ကြီး Red Alert 3 ကို ထပ်ထုတ်ခဲ့တယ် ..ဒီ ဂိမ်းအသစ် တွေကိုတော့ မြန်မာပြည်မှာ နေတုန်းက ကစားခြင်ပေမဲ့ Hardware တအားတောင်းတာနဲ့ မကစားနိုင်ခဲ့ဘူး..ဒီရောက်တော့ အချိန်မရတာနဲ့ ဂိမ်းတွေက ဈေးကြီးတာနဲ့ ကူးခွေကြပြန်တော့ Install လုပ်မရတာနဲ့ မကစားဖြစ်ခဲ့ဘူး။ တကယ်တော့ ဂိမ်းဆော့တာဟာ အချိန်ကုန်တာကလွဲရင် ဆိုးကြိုးတော်တော် ကင်းတဲ့ အချိန်ဖြုန်းနည်းတခုပါ။
အရင်တုန်းက ဘဝလေးကို အလွမ်းပြေရေးလိုက်တာပါ .. အခွင့်ရေးရရင် တခါလောက် သူငယ်ချင်းတွေနဲ့ LAN ချိတ်ပြီး အရင်တုန်းကလို တနေကုန် အပူပင်မရှိ ဂိမ်းဆော့ခြင်သေးတယ်။ (တကယ်တော့ ဒါဟာလဲ အိမ်မက်တစ်ခုပါ)



Game Guide မဟုတ်ပါ ..အရင်က ရူးသွပ်ခဲ့သော ဂိမ်းတစ်ခုကို ပြန်အောင့်မေ့ခြင်းဖြစ်ပါတယ် မကစားတာကြာ၍ အမှားအယွင်း ရှိနိုင်ပါတယ်