Pages

ကျွန်ုပ်၏ရှင်သန်မှု









ပင်လယ်လို အိမ်မက်တပွေ့တပိုက်နဲ့
နေ့ည ပျံသန်းခဲ့ စဉ်က
အလှဆုံး ဒီဆည်းဆာတွေမှာ ခံစားရင်း
ငါဟာ ငှက်တကောင်လို...

မိုင်ရာထောင် မျော်လင့်ချက်တွေ ရဲ့တဘက်
တစ်ကောင်တလေစားရမလား..လို့
ငါ ချကျွေးခဲ့သော ကျားပေါင်းများစွာ...
center line မှာ လမ်းပျောက်ခဲ့သူပါ
မနက်ဖြန်ဆိုတာကလဲ ...
မနေ့ကထက် ဘာပိုထူးအုံးမှာလဲ

စတေးပစ်လိုက်စမ်း
ဝေးသထက် ဝေးလာနေတဲ့ ကမ်းခြေအိမ်မက်ထက်
နေမထွက်တဲ့ မနက်ခင်း စစ်စစ်တွေထဲ
အသက် တစ်ရက်ထပ်ကြီးဘို့
ကော်ဖီတစ်ခွက် ထပ်သောက်ရအုံးမယ်
အချစ်အကြောင်းထက် မင်းရောဘာပြောနိုင်လို့လဲ
သစ္စာဖေါက် အတွက်ကျတဲ့မျက်ရည်
ချစ်သူတွေမှာပဲရှိတယ်

ပြီးဆုံးလိုက်ပါတော့
ဆွေးမြေ့နေတဲ့ ဒိုင်ယာရီ တစ်အုပ်စာ မနိုင်ဝန်တွေ ထမ်းရင်း
အသက်ရှင်ခြင်းမှာ ရှင်သန်ဆဲ လမ်း
နောက်တခန်းအတွက် ငါကရအုံးမယ်.....


၁၀၀၉၀၉
ရေးချင်ရာရေးလိုက်ပြီ..  ဖတ်ချင်တဲ့သူဖတ်ပါ  
ဓါတ်ပုံကို ဘယ်ဘလောက် ဘယ်ဆိုဒ် ကမှ မကူး၍ လင့်ထည့်စရာမရှိပါ


5 Responses
  1. မဖတ်ဘူးဟာ နားလည်ဘူး ဟွန်းးးး


  2. ဟဲ့ post comment က သိပ်မနိပ်ဘူးဟယ် နှိပ်ရတာ လွတ်လွတ်လပ်လပ်မရှိဘူး ငါပြောတာမယုံရင်လေ နင့်ဘလော့ဂ်ကို အပြင်ကနေ ပြန်ဝင်ကြည့်ပြီးရင် မန့်ကြည့် ငါဘာပြောတယ်ဆိုတာ သိလိမ့်မယ်သိလား

    ဘိုင်တာ့တာ


  3. maylay Says:

    စတေး(ပစ်)လိုက်စမ်း။ သစ္စာဖောက်အတွက် (ကျ)တဲ့မျက်ရည် ချစ်သူတွေမှာ(ပဲ) ရှိတယ်။ နည်းနည်းလေးပဲပြင်လိုက်တော့ကွ . ကောင်းတယ်ဟေ့ရောင် စုတ်ချက်ကို ပီပြင်နေရော ။ နောက်တစ်ခန်း ငါ ကရအုံးမယ်တဲ့လား။ ပျော်ရွှင်တဲ့ ကခန်းဖြစ်ပါစေနော်။


  4. မင်း Says:

    ငှက် ဘာဖြစ်လို့လဲ . ငါစမ်းကြည့်တာရပါတယ် မေလေးးးးးးး ငါပြင်လိုက်မယ် ကျေးဇူး


  5. ဆောင်းမြူခိုး Says:

    " မနိုင်ဝန်တွေ ထမ်းရင်း "ဆိုတော့ နင်လည်း နာ့လို ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတဲ့ကောင်ထဲ ပါတာပေါ့...ချိတ်ပိတ်..ဟားးး (တနေ့ ကော်ဖီ ၁ ခွက်ကတော့ နည်းတယ်ကွယ်...ဝဘူး)