Pages

ဓါတ်ပုံလေးတွေ......

ဓါတ်ပုံလေးတွေ တင်မလားလို့ အခုတလော စာရေးရတာ သိပ်အာရုံမလာဘူးဖြစ်နေတယ် ဘာဖြစ်နေမှန်းမသိဘူး ရေးလဲ ပေါက်ကရတွေ ဘဲထွက်လာမှာဘဲ ဒါကြောင့်ပေါ့ပေါ့ပါးပါးလေး ဘဲလုပ်တော့မယ်






တောက်မဲ့ မီးခဲလေးတွေလေ ...


 
မငိုပါနဲ့ဟာ နင်ကလဲ ငါနောက်မလုပ်တော့ပါဘူးဟ .. 


..ငါ့သားတယောက် ဘယ်ရောက်သွားပါလိမ့်..


 
 အဖေ လုပ်သူက chatting ဝင်နေချိန် အလိုက်သိတဲ့ သမီးလေးက ဒီလိုလေး .. 

ဒီလို ကလေးမျိုးသားရထားရင် ဆေးခန်းနဲ့ နီးတဲ့နေရာမှာနေတာ ပိုကောင်းမယ်နော်




 ဒီပုံလေးကိုတော့ ဘယ်က ကူးထားမိလဲ မမှတ်မိတော့ဘူးးး




ဒါကတော့ ခွေးချစ်တဲ့ မမ လေ

က ကာ ကား

BMW ရဲ့ 2010 အတွက် Vision EfficientDynamics Concept ကားပါ....။








စာမရေးချင်ဘူးး ပျင်းနေတယ်

ရင်းနှီးဘူးသော ဗိုလ်ချုပ်များ

ကျွန်တော် မင်း လဲ မြန်မာပြည်မှ နေတုန်းက ဗိုလ်ချုပ်တော်တော်များများကို သိပါတယ် .... ဒါကြောင့် မတွေ့တာကြာတဲ့ သူတို့အကြောင်းလေး အမှတ်တရ ရေးမလားလို့ပါ...။

General ဆိုရင်မြန်မာပြည်မှာ ကွန်ပြူတာ ဂိမ်းဆော့ဘူးသူတိုင်းသိပါတယ်...ဂိမ်းက Real time strategy game အမျိုးစားပါ Electronic Art က ၂၀၀၃ ခုနှစ်မှာ Window platform အတွက် စတင်မိတ်ဆက်ခဲ့ တယ်။ စစထွက်ချင်း ဒီဂိမ်းမှာ US တရုတ် နဲ့ GLA လို့ခေါ်တဲ့ Global Liberation Army ဆိုပြီး တပ် သုံးတပ်ဘဲ ပါဝင်ခဲ့တယ် .. GLA ကတော့ အာရပ် အကြမ်းဖက်သမား တွေပေါ့ ..ဂိမ်းထဲမှာလူကြမ်းနေရာမှာ သုံးထားတယ်.... လေတပ် အားသာတဲ့ US မြေပြင်တပ်အားသာတဲ့ တရုတ်နဲ့ ပျောက်ကြားစစ်   ကစားလိုသူတွေ အတွက် GLA စသဖြင့် ကိုယ်စိတ်ကြိုက် ရွှေးကစားလို့ရတယ်။



နောက်ပိုင်း Command & Conquer Generals Zero Hour ဆိုပြီး expansion park ထွက်လာပါတယ်  Zero Hour မှာတော့ တပ်တွေ  ပိုစုံပြီး လက်နက်တွေလဲ ပိုကောင်းလာပါတယ် US ဘက်မှာ ရိုးရိုး တပ်အပြင် ဖျက်အားပြင်း လက်နက်တွေ သုံးတဲ့ General Alexis Alexander ရဲ့တပ် General Malcolm Granger ရဲ့လေတပ် နဲ့ General Townes ရဲ့ တင့်ကားတပ်တွေ ပိုလာတယ် .. ဒီတပ်တွေထဲမှာ လေတပ်ကို လူကြိုက် အများဆုံးဖြစ်တယ် .. Zero Hour Reborn မှာဆိုရင် US လေတပ်ရင် နိုင်ဘို့သေချာသလောက် ဖြစ်ပါတယ် ..LAN ချိတ် ကစားကြရင်ပေါ့.. ကျနော်တော့ မကြိုက်ပါဘူး လေယာဉ်တွေက ဈေးကြီးလို့ပါ။ US ရဲ့ Super Weapon ကတော့ Particle Uplink Cannon ပါ။

အမေရိကန်ဗိုလ်ချုပ်များဖြစ်တဲ့ Granger, Alexander နဲ့ Townes


ကျနော်ကြိုက်တဲ့တပ်ကတော့ တရုတ်တပ်ထဲက အသစ်ပါဝင်လာတဲ့ General Ta Hun Kwai ရဲ့ တင့်ကားတပ် ဖြစ်ပါတယ်.. ဒီတပ်ဟာ ကိုင်တတ်ရင် တအားအစွမ်းထက်တဲ့တပ်ပါ .. Zero Hour Reborn မှာတော့ China Artillery General ဆိုပြီးပြောင်းသွားပါတယ် .. ကျနော် ဒီတပ်နဲ့ကစားရရင် ပြိုင်ဘက် ၃ ယောက်လောက် အသာလေး အနိုင်ယူနိုင်ပါတယ် .. Computer နဲ့ကစားရင်တော့ Over Load Tank ၃ စီးလောက်ကို upgrage အစုံယူပြီးလွတ်လိုက်ရင်ဘဲ Heard Level တပ်တစ်တပ်လောက် ကိုခြေလို့ရတယ်။ ကျန်တဲ့ General Tsing Shi Tao ရဲ့ နယူးကလီးယားတပ် General Shin Fai ရဲ့ခြေလျှင်တပ်တွေ တို့ကလည်း Zero Hour မှာမှ အသစ်ပါလာတဲ့ တပ်တွေပါ။ ဒီတပ်တွေလည်း သူဟာနဲ့သူ စွမ်းပါတယ် .. US တပ်တွေ ထက်သာတာက ခံစစ်စနစ်ဘဲ US နဲ့ GLA  က Patriot missile နဲ့ RPG ကိုသုံးတော့ ခြေလျှင်တပ်တွေကို သိပ်မထိရောက်ဘူး နောက် US တပ်က လေယာဉ်တွေ အားလုံးက missile defense system တွေတပ်ဆင်လို့ရတော့ လေယာဉ်တစ်စင်းကျဘို့ တော်တော် ပစ်ယူရတယ် တရုတ်ကတော့ missile အစား စက်သေနတ်ကို သုံးတော့ ခြေလျှင်တပ်တွေ ကိုရော လယာဉ်တွေကိုပါ အသာလေးရှင်းနိုင်တယ်လေ။ တရုတ်တွေရဲ့ Super Weapon က နယူးကလီယားပါ သူကိုရဘို့ စောင့်ရတဲ့ အချိန်က တခြားတပ်တွေနဲ့ ယှဉ်ရင် အကြာဆုံးဘဲ။


 တရုတ်ဗိုလ်ချုပ် Leang နဲ့ ShinFai

General Leang ကတော့  Zero Hour မှာ Challenge ကစားရင် နောက်ဆုံး ရင်ဆိုင်ရတဲ့ ဗိုလ်ချုပ်ပါ အလွန်းစွမ်းပါတယ် သူကိုနိုင်ရင်တော့ Zero Hour ပြီးပါပြီ...။ Design ကတော့ လန်းတယ်နော် Sexy မကျဘူးလား။
 သူတို့ကတော့ တင့်ကားဗိုလ်ချုပ် HunKwai နဲ့ နယူးကလီးယား ShiTao
နောက် တပ်ဖြစ်တဲ့ GLA တပ်ကိုတော့ ကျနော် သိပ်မကြိုက်ဘူး သူကိုယူပြီး တိုက်ရင် အချိန်ဆွဲလို့မရပါဘူး ရန်သူကို မြန်မြန်ပွဲသိမ်းအောင် တိုက်ရတယ် ကြာလာလေ တခြားတပ်တွေ ပိုအစွမ်းထက်လာချိန်မှာ GLA က ဒုံရင်းဒုံရင်းပါဘဲ promotion တွေကလဲ သိပ်မထိရောက်ဘူး ဒါကြောင့် ကျနော် GLA ရရင် အချိန်မဖြုန်းဘဲ .. အနိုင်တိုက်တာ မဟုတ်ပါဘူးး ဆက်မကစားဘဲ အရှုံးပေးပြီး နောက်တစ်ပွဲ အသစ်ပြန်စလိုက်တယ် GLA မှာလဲဘဲ အဆိပ်တပ် လို့အလွယ်ခေါ်တဲ့ Dr.Thrax ရဲ့တပ် Prince Kassad ရဲ့ ကိုယ်ပြောက်တပ်နဲ့ General Juhziz ရဲ့ အကြမ်းဖက် အဖွဲ့တွေတိုးလာတယ် သေချာ မကစားဘူးတော့ ဘယ်တပ် ပိုကောင်းလဲတော့ မပြောတတ်ဘူး GLA ရဲ့ Super Weapon က Scud Storm ပါ Scud Rocket တွေကို အတွဲလိုက် မြေပုံရဲ့ ဘယ်နေရာ မဆို လှမ်းပစ်နိုင်တယ်။
Dr.Thrax, Kassad နဲ့ Juhziz

တကယ်တော့ General ဂိမ်းဟာ အခုလောက်ဆို ဆော့တဲ့သူ တော်တော်နည်းသွားလောက်ပါပြီ ဒီကိုထွက်မလာခင်ကတည်းက EA ကနေ Command & Conquer စီးရီးအသစ်ဖြစ်တဲ့ Tiberium Wars ကို ဖြန့်ခဲ့တယ် နောက် ပိုင်း နံမည်ကြီး Red Alert 3 ကို ထပ်ထုတ်ခဲ့တယ် ..ဒီ ဂိမ်းအသစ် တွေကိုတော့ မြန်မာပြည်မှာ နေတုန်းက ကစားခြင်ပေမဲ့ Hardware တအားတောင်းတာနဲ့ မကစားနိုင်ခဲ့ဘူး..ဒီရောက်တော့ အချိန်မရတာနဲ့ ဂိမ်းတွေက ဈေးကြီးတာနဲ့ ကူးခွေကြပြန်တော့ Install လုပ်မရတာနဲ့ မကစားဖြစ်ခဲ့ဘူး။ တကယ်တော့ ဂိမ်းဆော့တာဟာ အချိန်ကုန်တာကလွဲရင် ဆိုးကြိုးတော်တော် ကင်းတဲ့ အချိန်ဖြုန်းနည်းတခုပါ။
အရင်တုန်းက ဘဝလေးကို အလွမ်းပြေရေးလိုက်တာပါ .. အခွင့်ရေးရရင် တခါလောက် သူငယ်ချင်းတွေနဲ့ LAN ချိတ်ပြီး အရင်တုန်းကလို တနေကုန် အပူပင်မရှိ ဂိမ်းဆော့ခြင်သေးတယ်။ (တကယ်တော့ ဒါဟာလဲ အိမ်မက်တစ်ခုပါ)



Game Guide မဟုတ်ပါ ..အရင်က ရူးသွပ်ခဲ့သော ဂိမ်းတစ်ခုကို ပြန်အောင့်မေ့ခြင်းဖြစ်ပါတယ် မကစားတာကြာ၍ အမှားအယွင်း ရှိနိုင်ပါတယ်

လေယာဉ်ပျံများ ဘယ်လိုပျံ

မင်း တို့ကျောင်းတက်တုန်းက ဘဘသောင်းရဲ့ စေတနာနဲ့ Gas Turbine ဆိုပြီး မဟုတ်က ဟုတ်က တဘာသာသင်ရပါတယ် ... Course ကလည်းအသစ် သင်တဲ့ ဆရာကလည်း အသစ် ကျောင်းသားတွေကလည်း အရည်အချင်း အပြည့် ဆိုတော့ တွက်စာကို အလွတ်ကျက်ဖြေကြတာတောင် ရှိရဲ့ ...

အဲဒီ Gas Turbine ဘာသာထဲမှာ လေယာဉ်ပျံတွေမှာ အဓိက သုံးတဲ့ Turbine Engine တွေအကြောင်း သင်ခဲ့ရပါတယ် .. အခုရေးချင်တာက အဲဒီ Turbine Engine တွေ အကြောင်းမဟုတ်ပါဘူး Gas Turbine ကိုဆက်လေ့လာရင်းနဲ့ သိလာတဲ့ အကြောင်းလေးတွေပါ .. Engineering Field ထဲက ဘော်ဘော်တွေကတော့ သိပြီးသားနေမှာ ဒါပေမဲ့ မှတ်စုလေးတစ်ခုအနေနဲ့ ဘလောက်မှာ ကျန်နေစေချင်လို့ရေးလိုက်တာ။

လေယာဉ်ပျံတစ်စီးပျံသန်းစဉ် သက်ရောက်နေတဲ့ အားတွေကိုခွဲ ကြည့်ရင် အခုလို တွေ့ရမှာပါ .....



လေယာဉ်ပျံတစ်စီး ကောင်းကင်မှာ ပျံသန်းနိုင်ဘို့အတွက် ရှေ့ဆွဲအား Trust ဟာ နောက်ဆွဲအားထက် များရမှာ ဖြစ်သလို ပင့်မအား Lift ဟာ Gravity ထက် ကျော်လွန်ရပါမယ် .. ဒါမှ ကောင်းကင်မှာ ပျံသန်းနိုင်မှာပါ။ ရှေ့ဆွဲအား Trust ကို အင်ဂျင်ရဲ့စွမ်းအားဖြင့် ရရှိပါတယ်။ ပန်ကာရဲ့ဆွဲအား သို့မဟုတ် ဂျက်အင်ဂျင်ရဲ့ တွန်းအားနှင့်ပါ။ ပင့်မအား Lift ကိုတော့ လေယာဉ်အတောင်ပံရဲ့ဖြတ်ပိုင်းပုံ cross section မှရပါတယ်။ အဲဒီ ဖြတ်ပိုင်းပုံကို Aerofoil လို့ခေါ်တယ်


လေယာဉ် အတောင်ပံကို ဖြတ်ကြည့်ရင် အခုလို မြင်ရမှာပါ
လေယာဉ်ပျံဟာ လေထုထဲမှာ ဖြတ်သန်းတဲ့အခါ လေစီကြောင်းတွေဟာ အတောင်ပံကို ဖြစ်သန်းသွားပါတယ်။ အဲဒီလို ဖြတ်သန်းသွားတဲ့အခါမှာ အပေါ်ဘက်မျက်နှာပြင်ဟာ ခုံးနေတဲ့ အတွက် အလျှားပိုရှည်တယ်လေ ဒါကြောင့် အပေါ်ဘက်ခြမ်းကို ဖြတ်သွားတဲ့ လေစီးကြောင်းဟာ ပိုပြီး မြန်မြန်သွားရတယ် ဒါဟာ ဘာနဲ့တူလဲဆိုရင် ရေပိုက်တခုကို လက်နဲ့ညစ်လိုက်တဲ့အခါ ညစ်လိုက်တဲ့ နေရာက ရေတွေဟာ ပိုပြီးမြန်မြန်စီးသွားသလိုပါဘဲ။ သီအိုရီအရ speed ပိုမြန်လာရင် ဖိအားလျှော့ကျ လာပါတယ် ဒီအချိန်မှာ ဖိအားနည်းသွားတဲ့ Aerofoil ရဲ့အပေါ်ဘက်ခြမ်းကို ပိုများတဲ့ အောက်ဘက်က တွန်းတင်ပါတော့တယ် ဒီလိုတွန်းတင်ရင်းနဲ့ဘဲ လေယာဉ်ပျံကြီးတစ်စီးလုံး ကြွတက်လာတာပါ။

တကယ်တော့ ဖော်မြူလာတွေ ဒီဇိုင်းပုံတွေနဲ့ ကြကြနန ရေးချင်တာပါ ဒါပေမဲ့ ဖော်မြူလာတွေက ကျောင်းမှာ မေ့ကျန်ခဲ့တာ ဘယ်ရောက်သွားမှန်းတောင်မသိဘူး
ဒါကြောင့် ဝိုးတိုးဝါးတားဘဲ ဖေါလိုက်ပါတယ် ..