Pages

အဖေ... သို့

ငယ်ငယ်ကတည်းကတည်းက မှတ်မှတ်ရရ အဖေဟာ ကျနော့ကို တစ်ခါဘဲ ရိုက်ဘူးတယ်  (၁၀) တန်းတုန်းကပါ  ဒါပေမဲ့ အနေတည်ပြီး စည်းကမ်းကြီးလွန်းတဲ့ အဖေ့ကို မောင်နှမတွေ အားလုံးကြောက်ရပါတယ် တော်ရုံတန်ရုံ စကားမပြောပေမဲ့ အဖေ့အကြည့်နဲ့တင် ကျနော်တို့ မောင်နှမတွေ နေစရာ မရှိလောက်အောင် ဖြစ်ဘူးတာတွေ မမေ့နိုင်သေးဘူး။
ချုပ်ချယ်လွန်းလို့ ငါကြီးလာရင် အဖေ့လို မဖြစ်စေရဘူးလို့ ပြောဘူးတဲ့ ကျနော်ဟာ ခု အသက်ကြီးလာလေ ကျနော့်စိတ်တွေဟာ အဖေနဲ့ ပိုတူလာလေ ဖြစ်လာတာ တွေ့ရတော့ တစ်ခါတလေ ကိုယ့်ကို ပြန်ပြီး ပြုံးမိတယ် .. တကယ်တော့ အဖေဟာ ကျနော်တို့ကို ကွယ်ရာမှာ တော်တော်ချစ်ခဲ့တာပါ။
အရင်တုန်းက အတူတူနေခွင့်ရချိန် အဖေကို စိတ်ဆိုးလို့ စကားမပြောဘဲ နေခဲ့တဲ့ရက်တွေကို ခုအဝေးရောက်မှ နောင်တရနေမိတယ်။ ဘဝရဲ့ အခက်ခဲတွေကို တစ်ယောက်ထဲ အံကျိတ်ပြီး ကျော်ဖြတ်နိုင်ခဲ့ တဲ့ အဖေလို ခွန်အားမျိုးကို ကျနော် ခုချိန်မှာ အရမ်းအားကြနေမိပြီလေ။
သူ့ရဲ့အတွေကြုံ သူ့ရဲ့ဉာဏ်ပညာ သူ့ရဲ့ ကိုယ်ကျင့်တရား နောက် သူ့ရဲ့ တာဝန်ယူနိုင်မှုတွေကို ကျနော် ဘယ်လိုမှ လိုက်မှီနိုင်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျနော်ဟာ အဖေနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာကို ရောက်နေပါပြီ။
တနေ့ ... ကျနော် အဖေတစ်ယောက်ဖြစ်လာမယ်ဆိုခဲ့ရင်တောင် အဖေ့လို အဖေပီသတဲ့ အဖေမျိုးဖြစ်နိုင်ပါ့မလား  မိသားစုတစ်ခုကို အောင်မြင်စွာ ခေါင်းဆောင်နိုင်ပါ့မလားဆိုတာ ကိုယ့်ကို သံသယ တော့ဖြစ်မိတယ်။
တနေ့ ကျနော်ပြန်ရောက်ရင် ကျနော်ပြန်နိုင်ရင် ကျနော် ပြန်ဖြစ်ရင်ပေါ့ အဖေမကြိုက်တဲ့ အကျင့်တွေ ဖျောက်နိုင်အောင်ကျိုးစားပြီး အဖေ့ကို စိတ်ချမ်းသာအောင်ဘဲ ထားတော့မယ်လို့ ............ ။

ဒီနေ့ အဖေ့မွေးနေ့လဲ မဟုတ်ပါဘူး အဖေများနေ့လဲ မဟုတ်ပါဘူး ဒါပေမဲ့ အဖေ့ကို လွမ်းရင်း ဒီစာကိုရေးမိတာပါ အဝေးက အဖေ နေကောင်းပါစေ။


3 Responses
  1. ဟင် နာသိတာ သားတွေက အမေကို ချစ်ကြတာ ဟုတ်ဘူးလား နီက အဖေကို ပိုချစ်တာလား သမီးတွေက အဖေကို ချစ်တာဟုတ်ဘူးလား

    အဟမ်းး အဟမ်းးး ဘာလဲ အဖေ ဖြစ်ချင်ပြီလား ဟိဟိ


  2. maylay Says:

    ဧကန္တ ငါတို့ မင်းတစ်ယောက် အဖေများဖြစ်ချင်နေပလားပဲ။ အင်းးးးးးး အဖေဖြစ်တော့မယ်ဆိုရင် အကြောင်းမကြားနဲ့ဟေ့နော်.....
    နင်က အဖေပဲ ချစ်လား အမေကိုရော ချစ်တယ်မို့လားဟင်။ လူတိုင်း အဖေထက် အမေ့ကို ပိုချစ်တယ်လို့ ကိုယ့်ကိုယ်ကို ထင်ကြတယ်။ ဒါပေမယ့် တကယ်တမ်း အခက်အခဲတွေ ဦးဆောင်ရတာတွေ ဖြေရှင်းရတာတွေကြုံလာကြရင် အဖေသာဆိုရင်..... ဆိုပြီး အထူး သတိတရ ဖြစ်တတ်ကြတယ်။ မင်းရဲ့အဖေ ကျန်းမာပျော်ရွှင်ပါစေ


  3. Anonymous Says:

    sympathy makes my eyes welled up with tears,nyi ka lae..