Pages

Wankel Engine

အင်ဂျင်လို့ ပြောလိုက်တာနဲ့  Piston တွေ Cam shaft တွေနဲ့ Valves တွေကိုဘဲ ပြေးမြင်မိကြမှာပါ .... တကယ်တော့ အင်ဂျင်တိုင်း Valve တွေ Piston တွေပါတာ မဟုတ်ပါဘူးး  Reciprocating Engine  တွေမှာ သာ ပါတာပါ ..   Reciprocating  ကိုတော့ ဆီလျှော်အောင် ဘယ်လိုဘာသာပြန်ရမလဲ မသိဘူး.. ဒီတိုင်းထားလိုက်တာဘဲကောင်းမယ်ထင်တယ်.....                                                            


ဒါကတော့  Reciprocating Engine တမျိုးပါ BMW Engine ပါ


Wankel Engine ကတော့ Rotry Engine အမျိုးအစားပါ .. ဒီ Engine ကို ဂျာမန် အင်ဂျင်နီယာ Felix Wankel က စတင်တည်ဆောက်ခဲ့လို့ Wankel Engine လို့ခေါ်တာပါ..သူစတင် တည်ဆောက်ချိန်က ၁၉၅၁ မှာပါ.. Wankel Engine ဟာ အခုလက်ရှိသုံးနေတဲ့ Piston Engine တွေထက် အားသာချက်တွေ အများကြီး ရှိပါတယ်  အဓိက အားသာချက်က တော့ ပေါ့ပါးခြင်းပါဘဲ weight ချင်းတူတဲ့ Wankel Engine ဟာ Piston Engine ထက် Power ပိုထွက်ပါတယ် .. ဒါကြောင့် mazda က သူ့ရဲ့ပြိုင်ကားများဖြစ်တဲ့ RX5 RX8 တို့ကို ဒီအင်ဂျင် အမျိုးစားသုံးခဲ့ပါတယ်.. နောက်သူရဲ့ ဖွဲ့စည်းပုံ ကျစ်လစ်မှုကြောင့် Chain Saw တို့ မီးစက်တို့မှာလည်း သုံးပါတယ် ..တရုတ်က လာတဲ့ မီးစက်တွေမှာတော့ မတွေ့ဘူးသေးဘူး..               



ဒါကတော့ RX 8 ပါ



နောက်တချက်က Wankel Engine မှာက လည်ပတ်နေတဲ့ အစိတ်ပိုင်းတွေ ပိုနည်းတဲ့ အတွက် ပိုပြီးအသံတိုးတယ်.. သူမှာ Cam Shaft တို့ Timing Gear တို့ မပါဘူးလေ..                                   



ဒါက Wankel Engine အလုပ်လုပ်ပုံပါ..



Wankel Engine ဟာ Piston Engine တွေကို မလွမ်းမိုးနိုင်တဲ့ အဓိက အားနည်းချက်ကတော့ Rotor တွေကို လုံအောင် ထိမ်းဘို့ မလွယ်လို့ပါဘဲ .. ပညာရှင်တွေဟာ ဒီပြသနာကို ဖြေရှင်းဘို့ အမျိုးမျိုး ကြိုးစားခဲ့ကြတယ်  ဒါပေမဲ့ Piston Ring တွေလို perfect seals ကို မရခဲ့ဘူး .. Ford ကားကုမ္ပဏီက သူတို့ရဲ့ ကားတွေအားလုံးကို Wankel Engine နဲ့ဘဲ မောင်းတော့မယ်လို ကြွေးကြော် ခဲ့ပေမဲ့ ဒီပြသနာကို မဖြေရှင်းနိုင်လို့ လက်လျှော့ခဲ့ရတယ် mazda ကတော့ လက်ရှိ ထုတ်လုပ်နေတယ် ဆိုပေမဲ့ လူကြိုက်နည်းလှတယ်  မြန်မာပြည်မှာဆိုရင်တော့ ဘယ် workshop ဆရာမှ ကိုင်တတ်မှာ မဟုတ်ဘူး.....
Mr.Wankel တီတွင်ခဲ့လို့ Wankel Engine ဆိုတာ ဖြစ်လာခဲ့တယ် တကယ်လို့များ မြန်မာပြည်က မင်း တယောက် နောက်ထပ် Engine အမျိုးစားသစ် တမျိုးလောက် ထပ်တွင် နိုင်ခဲ့ရင် ဘယ်လို နံမည်ပေးရင်ကောင်းမလဲနော် .. မင်း အင်ဂျင်ဆိုရင်ရော ...... 
သိသလောက်လေး ရေးလိုက်တာပါ ဘာရေးရမှန်းမသိတာနဲ့ ..
1 Response
  1. maylay Says:

    နင်လည်း ထုတ်လုပ်လို့ရတာပဲဟာ ငါတို့ မင်းအင်ဂျင်လို့ အမည်တပ်ပေးပါ့မယ်။ ဒီလိုတွေ ရေးလို့လည်း ဖြစ်သားပဲမင်းရဲ့။ ငါတို့လို လူပြိန်းတွေအတွက် ဒါ ဗဟုသုတပဲ။ အင်ဂျင်တွေကို မိန်းကလေးတန်မဲ့ စိတ်ဝင်စားပေမယ့် ငါက အဲဒါတွေကို သိမှ မသိခဲ့ရဘဲ။ နကန်းတစ်လုံးမှ မသိတဲ့ ငါ့အတွက်တော့ ကောင်းတယ်။ ဆက်ရေးပါ သယ်ရင်း