မင်း တို့ကျောင်းတက်တုန်းက ဘဘသောင်းရဲ့ စေတနာနဲ့ Gas Turbine ဆိုပြီး မဟုတ်က ဟုတ်က တဘာသာသင်ရပါတယ် ... Course ကလည်းအသစ် သင်တဲ့ ဆရာကလည်း အသစ် ကျောင်းသားတွေကလည်း အရည်အချင်း အပြည့် ဆိုတော့ တွက်စာကို အလွတ်ကျက်ဖြေကြတာတောင် ရှိရဲ့ ...
အဲဒီ Gas Turbine ဘာသာထဲမှာ လေယာဉ်ပျံတွေမှာ အဓိက သုံးတဲ့ Turbine Engine တွေအကြောင်း သင်ခဲ့ရပါတယ် .. အခုရေးချင်တာက အဲဒီ Turbine Engine တွေ အကြောင်းမဟုတ်ပါဘူး Gas Turbine ကိုဆက်လေ့လာရင်းနဲ့ သိလာတဲ့ အကြောင်းလေးတွေပါ .. Engineering Field ထဲက ဘော်ဘော်တွေကတော့ သိပြီးသားနေမှာ ဒါပေမဲ့ မှတ်စုလေးတစ်ခုအနေနဲ့ ဘလောက်မှာ ကျန်နေစေချင်လို့ရေးလိုက်တာ။
လေယာဉ်ပျံတစ်စီးပျံသန်းစဉ် သက်ရောက်နေတဲ့ အားတွေကိုခွဲ ကြည့်ရင် အခုလို တွေ့ရမှာပါ .....
လေယာဉ်ပျံတစ်စီး ကောင်းကင်မှာ ပျံသန်းနိုင်ဘို့အတွက် ရှေ့ဆွဲအား Trust ဟာ နောက်ဆွဲအားထက် များရမှာ ဖြစ်သလို ပင့်မအား Lift ဟာ Gravity ထက် ကျော်လွန်ရပါမယ် .. ဒါမှ ကောင်းကင်မှာ ပျံသန်းနိုင်မှာပါ။ ရှေ့ဆွဲအား Trust ကို အင်ဂျင်ရဲ့စွမ်းအားဖြင့် ရရှိပါတယ်။ ပန်ကာရဲ့ဆွဲအား သို့မဟုတ် ဂျက်အင်ဂျင်ရဲ့ တွန်းအားနှင့်ပါ။ ပင့်မအား Lift ကိုတော့ လေယာဉ်အတောင်ပံရဲ့ဖြတ်ပိုင်းပုံ cross section မှရပါတယ်။ အဲဒီ ဖြတ်ပိုင်းပုံကို Aerofoil လို့ခေါ်တယ်
လေယာဉ် အတောင်ပံကို ဖြတ်ကြည့်ရင် အခုလို မြင်ရမှာပါ
လေယာဉ်ပျံဟာ လေထုထဲမှာ ဖြတ်သန်းတဲ့အခါ လေစီကြောင်းတွေဟာ အတောင်ပံကို ဖြစ်သန်းသွားပါတယ်။ အဲဒီလို ဖြတ်သန်းသွားတဲ့အခါမှာ အပေါ်ဘက်မျက်နှာပြင်ဟာ ခုံးနေတဲ့ အတွက် အလျှားပိုရှည်တယ်လေ ဒါကြောင့် အပေါ်ဘက်ခြမ်းကို ဖြတ်သွားတဲ့ လေစီးကြောင်းဟာ ပိုပြီး မြန်မြန်သွားရတယ် ဒါဟာ ဘာနဲ့တူလဲဆိုရင် ရေပိုက်တခုကို လက်နဲ့ညစ်လိုက်တဲ့အခါ ညစ်လိုက်တဲ့ နေရာက ရေတွေဟာ ပိုပြီးမြန်မြန်စီးသွားသလိုပါဘဲ။ သီအိုရီအရ speed ပိုမြန်လာရင် ဖိအားလျှော့ကျ လာပါတယ် ဒီအချိန်မှာ ဖိအားနည်းသွားတဲ့ Aerofoil ရဲ့အပေါ်ဘက်ခြမ်းကို ပိုများတဲ့ အောက်ဘက်က တွန်းတင်ပါတော့တယ် ဒီလိုတွန်းတင်ရင်းနဲ့ဘဲ လေယာဉ်ပျံကြီးတစ်စီးလုံး ကြွတက်လာတာပါ။
တကယ်တော့ ဖော်မြူလာတွေ ဒီဇိုင်းပုံတွေနဲ့ ကြကြနန ရေးချင်တာပါ ဒါပေမဲ့ ဖော်မြူလာတွေက ကျောင်းမှာ မေ့ကျန်ခဲ့တာ ဘယ်ရောက်သွားမှန်းတောင်မသိဘူး
ဒါကြောင့် ဝိုးတိုးဝါးတားဘဲ ဖေါလိုက်ပါတယ် ..
မင်း မိုက်တယ်ဟေ့ရောင် ငါ ဒီပိုစ့်လေးကြိုက်တယ် လေယာဉ်ပျံတွေ ငါတို့ အိမ်ခေါင်မိုးရဲ့ ဟိုး ဝေးဝေးး အပေါ်ကပျံသွားတာပဲ တွေ့ဖူးတာ။ ဘာတွေနဲ့ တည်ဆောက်ထားမှန်း လုံးဝကို ခုထိ မသိဘူး။ သံထည်နဲ့ဖွဲ့ထားပြီး လူတွေ ကုန်ပစ္စည်းတွေ ကို အလေချိန်အလိုက် သယ်ရင်း လေထဲပျံနေတာကိုပဲ ကြည့်ဖူး ရင်သပ်ရှုမောဖြစ်ဖူးတာလေ ကောင်းတယ်ကွယ် ဒါမျိုးဆက်ရေး ငါတို့ မသိသေးတာတွေ သိရတယ်။နော်သယ်ရင်း
ဟာ....မင်းးးးးးးးး
ကောင်းတယ်ဟ။။။။
ငါလဲ တစ်စင်းလောက် လုပ်ကြည့်မယ်။ ကူညီဟာနော့်