ကိုယ်ဖြစ်ခြင်ခဲ့တဲ့ အကြောင်းတွေရေးမယ်ဆိုပြီး ဒီဘလောက်ကို ဒီနံမည်ပေးခဲ့တယ်။ အပြင်မှာ မပြောရဲခဲ့တဲ့ ကိုယ်စိတ်ကူးတွေကိုပေါ့။
ဘာအကြောင်းရေးရင် ကောင်းမလဲ တွေးကြည့်လိုက်တာနဲ့ တအားလိုချင်တဲ့ အရာ ဝထ္ထုတခု ကိုပြေးမြင်မိတယ်။ အပြင်မှာ ထုတ်ပြောမိရင် တန်ရာတန်ရာ မမှန်းဘူးလို့ပြောခံရမှာသေချာတယ်။ ဒါကြောင့် တိတ်တိတ်လေး နေခဲ့တာ အခုရေးလိုက်တော့မယ် ......
အဲဒါလေးကတော့ ကားတစ်စင်းပါဘဲ။ ကားတောင် ဒီမှာတော်ရုံတန်ရုံလူ ဝယ်မစီးနိုင်တဲ့ ပြိုင်ကားလေးပါ။ သူ့နံမည်က Nissan GTR ပါ... ဒီကားလေးကို ဟိုးအရင် မြန်မာပြည်မှာ နေကတည်းက Racing Game တွေကစားရင်း ရင်းနှီးမိတာပါ .. 3.8 liter V8 အင်ဂျင်ပါဝါဟာ ကိုယ်ကို အလကားပေးရင်တောင် ဆီဘိုးတတ်နိုင်ပါမလားမသိဘူး။ ဂျပန်မှာ လုပ်တဲ့ ဒီပြိုင်ကားလေးဟာ အမြန်ဆုံး 311km/hr မောင်းနိုင်ပါတယ် .. ဒါဟာ နံမည်ကြီး Lamborghini Gallardo ရဲ့အမြန်နှုံးလောက် ရှိပါတယ် ။ဒါပေမဲ့ Gallardo က 5.0 Liter V10 တင်ထားတာပါ ..

စိတ်ကူးယဉ်မဲ့ အတူတူ ဒီထက်ကောင်းတဲ့ Ferrari တို့ Venturi Fetish တို့ဘဲ စိတ်ကူးယဉ်ပါလားလို့ပြောရင်လဲ ပြောလို့ရတယ် .. ဒါပေမဲ့ သူရဲ့ထူးဆန်းတဲ့ Design ကဘယ်ကားနဲ့မှ မတူဘူးလို့ ထင်တယ်.. တခါတလေ သွားရင်းလာရင်း လမ်းမှာတွေ့ရင် မျက်စိတဆုံး လိုက်ကြည့်မိတယ် အခွင့်ရေးရရင် ဖုန်းနဲ့ ဓါတ်ပုံရိုက်တယ် အခွင့်ရေးရင် တခါလောက်တော့ တက်မောင်းကြည့်ချင်သား ..

ပြောမဲ့ပြောရတယ် ထီပေါက်ပြီး ဝယ်စီးနိုင်တောင် ကိုယ်နိုင်ငံက လမ်းတွေနဲ့ ဘယ်လိုမှ မောင်းရမှာ မဟုတ်ဘူးး။ ဒီကားလေးမောင်းပြီး ရွာပြန်ဘို့ဆိုတာကတော့ .. အင်းးး
ဓါတ်ပုံတွေကတော့ အက်တာနက်မှာ ရှာပြီးတင်လိုက်တာပါ .. ရိုက်ထားတဲ့ပုံတွေက မကောင်းလို့ ..

မင်း နင့် posted by က ဝက်ဝံလေး ဖြစ်နေတယ်နော်။ ပြန်ကြည့်အုံး။ စီဘောက်ရော ဘယ်မှာလဲ။ မတွေ့ဘူး မင်းစုတ်လေးရဲ့။ ကားကလည်းး နော် နေအုံး ငါ သမ္မတဖြစ်ရင် နင့်တွက် လမ်းကောင်းကောင်းလေး ခင်းပေးပါ့မယ် ။ စောင့်နော် ဟုတ်ပြီလား ။ ငါတော့ စက်ဘီးတောင် သိပ်မစီးတတ်ဘူးရယ်။ (နင် ပိုစ့်ကို ပြန်ကြည့်လိုက်အုံးနော်)
အော် မတန်မရာ မှန်းတာမဟုတ်ပါကွယ် နင်တနေ့ ပိုင်မယ်လို့ တွက်ထားရင် ကြိုးစားပေါ့ဟာ မဖြစ်နိုင်တာမရှိပါဘူးဟာ မဖြစ်သေးတာပဲ ရှိသေးတယ် ပြီးရင် ကလေး နဲ့ လျှောက်လည်ပေါ့ ဟုတ်လား နော်
ဝေးးးးးးးးးးးး
အိပ်မက်လှလှလေး လာကြည့်တာ။
တို့ လဲမက်မယ်နော်။
အောင်မြင်ပျော်ရွှင်ပါစေဟေ့။