ဘလောက်တခု လုပ်ထားပြီးတော့ ဘာရေးရမှန်းမသိဘူး... ရေးဘို့နေနေ သာသာ သူများဘလောက်တွေလို အလှဆင်ဘို့တောင် ဘယ်က စလုပ်ရမှန်းမသိဘူး။
ဘလောက်ရေးနေတဲ့ သူငယ်ချင်းတွေ ကလည်း သူ့အလုပ်နဲ့သူ ဆိုတော့ မေးရမှာ အားနာတာလဲပါတယ် .. .ဖြေရင်လဲ အစအဆုံး ဖြေရမှာလေ....။ ရယ်ဒီမိတ်တွေ ဒီလောက်ပေါတဲ့ ခေတ်မှာ ရယ်ဒီမိတ် အသင့်ရေးရုံ ပြင်ထားတဲ့ ဘလောက်တွေ ရှိရင်ကောင်းမှာဘဲနော် ...။
အင်းးးးးးး .....ဘာရေးရင်ကောင်းမလဲ .... မနိုင်းလို့ ဘာသာပြန်လေးတွေရေးရအောင်လဲ ..ကိုယ်က ကိုယ့်မြန်မာစာတောင် ကောင်းကောင်းရတာမဟုတ်.... ကိုဘွိုင်းဇ်လို နတ်မိမယ်တွေနဲ့ ကစားတဲ့အကြောင်းရေးရအောင်လဲ .. သူတို့လို လပ်ယားလပ်ယား သွားဘို့နေနေသာသာ ပင်နီစူလာတောင် တစ်လတစ်ခေါက် မရောက် ... ငှက်လို ပေါက်ကရတွေ ရေးရင်ကောင်းမလားးး မဖြစ်သေးပါဘူး ကိုယ်က သူ့လိုပေါရဲတာမဟုတ်ဘူးး။
တွေးကြည့်တော့လဲ ဘာရေးရမလဲ ဆိုပြီးကြီးကြီကျယ်ကျယ်သာ လျှောက်ရေးနေတာ ရေးလဲ ဖတ်မဲ့သူရှိမှာမဟုတ်ပါဘူး။ အဲ မနိုင်းစီဘောက်သွားပြီး "ကျနော် လင့်ယူထားပါတယ် ခွင့်ပြုပါ အိမ်လာလည်ပါအုံး" ဆိုပြီး ကြော်ငြာသွားဝင်ရင်တော့ တစ်ယောက် နှစ်ယောက်လောက် မျက်စိလယ်ရောက်လာမယ် ဒီထက်ပိုမှာ မဟုတ်ဘူး
ကင်မရာတလုံး သွားလေရာ ယူသွားပြီး တရုတ်မတွေ လျှောက်ရိုက်ပြီး တင်ရင်ရော... အင်းးး မြူခိုးတို့ စိုင်းတို့ ရောက်လာမလားဘဲ ..ဒါပေမဲ့ ဓါတ်ပုံဘယ်လိုတင်လဲ မသိသေးဘူးရယ် ..ခက်တော့ မခက်လောက်ပါဘူး..

တော်လိုက်ထှာ တော်လိုက်ထှာ အားလုံးကို ထိပါးပုတ်ခတ်သွားတယ် ..ကိုယ့်ဘာကိုယ် လွတ်လွတ်ကျွတ်ကျွတ်မရေးဘူးး တေမယ်...
ဝုတ်ပါ့ ဆောင်းရယ် ပြောလိုက်စမ်းပါ ဟွန်းးး သူ့သူ လွတ်လွတ် ကျွတ်ကျွတ်မရေးဘူး ငါ့ကို ပုတ်ခတ်သေးတယ် ဟွန်းးးးး
စတာနဲ့ ဇ က ပြပြီ မင်းကတော့ :D
နင်မပျော်ဘူးလား ဟဲ့ နင် စ စ ရေးခြင်းပဲ comment တွေရတယ် ငါ့တုံးကဆိုရင်သွားလျှောက်လည်ပီးမှ ခြောက်တီးခြောက်ဖက် comment လေးတွေ ရတာ အဟီးးး ငါလေ နင့်အစား ပျော်တယ် သိလား ဟဟဟဟ
ငါတို့ သယ်ရင်းတွေနဲ့တင် နင့်ကော်မန့်တွေ ပြည့်လောက်ပါတယ်။ နင်ကလည်း ဘာရေးရမှန်းသာ မသိတာ. ရေးသွားတာက လူစုံနော်။ ဟဟ ။ ရေးချင်တာလျှောက်ရေး ဟေ့ရောင် . ကြိုက်သလိုရေး။ လာဖတ်မယ် ။ စိတ်ချ
maylay